Wa Thone Hlawn(U+Z)

Start from the beginning
                                    

အ၀တ်စားလဲပြီးထွက်လာတော့ သူမရဲ့ ကျစ်လစ်ပြီးတောင့်တင်းတဲ့ကောက်ကြောင်းများကစွဲမက်စရာကောင်းလှသည်မို့ လူအားလုံးရဲ့ အာရုံတွေကသူမဆီရောက်သွားသည်။ အကုန်လုံးက ကြည့်နေတော့ သူမက အနည်းငယ် ရှက်သွားပြီး shooting စကြမယ်လေ လို့ပြောမှ ငေးနေတဲ့လူအားလုံး လက်ရှိအနေထားကိုပြန်ရောက်ပြီး သူမ၏ ခန္ဓာကိုယ်မိုက်ကြောင်း ချီးကျူးကြတော့သည်။

Shooting စတာနဲ့ အစောက ကလေးပုံနဲ့ အပစ်ကင်းတဲ့ ကောင်မလေးက ပျောက်ကွယ်သွားပြီး စွဲဆောင်မှုရှိတဲ့ အမိုက်စားကောင်မလေးအသွင် ချက်ချင်းပြောင်းသွားသည်။

ကိုကိုးအဲ့လို အလုပ်နဲ့ အပြင်လောကနဲ့ကို မျက်နှာထားမတူအောင်ချိန်း နိုင်တဲ့သူတွေကိုဘဘောကျသည်။သူတို့က သူများတွေထက် ဆွဲဆောင်မှုပိုရှိတယ်လို့ ခံစားရတာမလို့ ဖြစ်သည်။

အ၀တ်စားတွေ တစ်စုံပြီးတစ်စုံလဲကာ ရိုက်ကူးခဲ့သော shooting သည် ည ၉ နာရီကစလိုက်တာမနက် ၃ နာရီ ကျော်မှပြီးတော့သည်။ ပုံတွေကို လိုချင်သလိုလဲ အကောင်းဆုံးရိုက်ပြီးပြီးမလို့ shooting break ပြီဖြစ်ကြောင်းအော်တော့ လက်ခုပ်၀ိုင်းတီးကာ ပစ္စည်းများသိမ်းဆည်းနေကြပြီဖြစ်သည်။

ထိုချိန် ဂျာကြီးကရောက်လာပြီး

"ခြူးရေ ဒီညအိမ်မပြန်နဲ့တော့နော် gym ဘေးက  (***) hotel မှာ နားလိုက်  နောက်ကျမှာသိလို့ကြိုစီစဥ်ထားတာ"

ပြောနေစဥ်ပင် ၀သုန်လဲအ၀တ်စားလဲပြီးပြန်ဖို့ရောက်လာတော့ ဂျာကြီးကပဲ

"၀သုန်ရောပဲ ဒီည gym ဘေးက hotel မှာပဲတည်းလိုက်ပါဗျ ကျတော်တို့ကြိုနောက်ကျမှသိလို့ကြိုစီစဥ်ပေးထားတာ"

"အော် ဒါဆိုလဲကျေးဇူးပါပဲ ဂျာကြီးရယ် မဟုတ်ရင် တစ်ယောက်ထဲ ကားမောင်းပြီးပြန်ရမှာ"

"ဟုတ်ကဲ့ဗျ ခြူးနဲ့တူတူသွားလိုက်ပါလား မနက်လဲ အေးဆေးမှပြန်လို့ရပါတယ်ဗျ "

"ဟုတ်ကဲ့ကျေးဇူးပါပဲရှင့် ကိုကိုးတူတူသွားရအောင်"

"အင်း သုန်သုန်"

ကိုကိုးတို့ ၂ ယောက် ကားကိုမယူတော့ပဲ gym မှာပဲထားခဲ့ပြီးဘေးက hotel ကို လျှောက်သွားလိုက်သည်။

Photographer ကျွန်မနှင့် Model များ🔞(U+Z)Where stories live. Discover now