ဟူး... ပြေးလာရတာ မောလိုက်တာဗျာ။
အခု အလုပ်လဲပြီးပြီဆိုတော့ ခန္ဓာကိုယ်ပေါ်က ဖုန်တွေကို ခါချရင်း သန့်သွားအောင် ကိုယ့်ခန္ဓာကို လျှာလေးနဲ့ အသာယက်နေဦးမှပါ။

"ဟို... ဟို ... အားနာလိုက်တာ ...ဒါ့အစ်ကို ခွေးကလေးပါ ...  ကြည့်ပါဦး... ဂျောင်ကု အကျီတွေလဲ ပေကုန်ပြီထင်တယ်..  ဘယ်လိုလုပ်ပေးရပါ့..."

ထိုလူရဲ့ ခြေရင်းမှာ ကိုယ့်ခန္ဓာကို သ, နေတဲ့ ကျွန်တော့်ကို အမြန်ပြန်ဖမ်းပြီး သူ့လက်ပေါ်ပွေ့ထားရင်း သခင်က တောင်းပန်စကားပြောနေပုံ ရပါတယ်။

ဒီလူကိုတွေ့ရင် ထွက်လာတဲ့ သခင်ဆီက အနံ့က အခုတော့ ပိုပြင်းနေသလိုပါပဲ။ ကြည့်ရတာ သခင်အရမ်း စိတ်လှုပ်ရှားနေပြီ ထင်ပါတယ်။

"အာ... မဟုတ်တာပဲ ရပါတယ်
ထယ်ယောင်း Sanbae ကလဲ
ကျွန်တော်က ကိစ္စမရှိပါဘူး ...
ဆိုးဆိုးဝါးဝါးဖြစ်သွားတာမှ မဟုတ်တာ "

မျက်ဝန်းလေး အဝိုင်းသားဖြစ်သွားတဲ့ သခင် ။
သူ မထင်ထားတဲ့ စကားတစ်ခုခုများ ကြားလိုက်မိလို့လား?

ဒါနဲ့ ...  နေပါဦး ။

ဟိုအစ်ကိုဆီက အခုမှ ထွက်လာတဲ့အနံ့ ။ အဲ့အနံ့ကရော ဘာလို့ သခင့်ဆီကထွက်လာတဲ့ အနံ့ နဲ့ တူနေတာလဲ။ ဘာလဲ အဲ့အစ်ကိုကရော သခင့်ကိုကြည့်ပြီး စိတ်လှုပ်ရှားနေတာပဲလား။

ထူးဆန်းလိုက်တာ။

"ဒါ ... အစ်ကို့ ရဲ့ ခွေးလေးလား ၊ ချစ်စရာလေးနော်
ကျွန်တော်အရင်ကလဲ ခဏခဏမြင်ဖူးပေမဲ့ အနီးကပ်မြင်ရတော့မှပဲ ပိုချစ်စရာကောင်းမှန်း သိတော့တယ်"

အံ့သြတကြီးဖြစ်နေပြန်ပုံရတဲ့ သခင်က ဘာစကားမှ ထပ်မထွက်လာပြန်တော့ ။

နှုတ်ဆိတ်နေပြန်ပြီ ။ တခုခုကို စဉ်းစားနေပြန်တာပဲ။

ဘာလဲ ... အခြေအနေကြီးက ဒီလောက်နဲ့ ပြီးသွားတော့မှာလား။

သခင်ကလဲ တကယ်ပဲ ... တခုခု ဆက်ပြီး လှုပ်ရှားစမ်းပါဦး။

"ဒါနဲ့ ဘယ်လိုမြင်ဖူးတာလဲဟင်"

"ဗျာ..."

"အော် ဒီခွေးလေးကို အရင်ကလဲ ခဏခဏ မြင်ဖူးတယ်ဆိုလို့ပါ"

Tannie In Love [ Completed ]Where stories live. Discover now