1. What is my name?

Start from the beginning
                                    

အားလုံး တနေ့ကျရင် ပိုင်ရှင်သခင်အသစ်ဖြစ်လာမဲ့သူကို မျှော်ခဲ့ကြတယ်။

ကျွန်တော့် အမေနဲ့အတူ
မွေးချင်းမောင်နှမတွေနဲ့ကတော့
တကောင်တစ်နေရာဆီ အလျိုလျို
ဝေးကွာသွားခဲ့ရတော့
သူတို့ ဘယ်ရောက်သွားကြတယ်ဆိုတာ
ကျွန်တော် မသိတော့ပါဘူး။

ဘာပဲဖြစ်ဖြစ် ကျွန်တော်ရောက်နေတဲ့ ခွေးအမျိုးအစားအစုံရောင်းတဲ့ ဆိုင်လေးကတော့ အဆင်ပြေတယ်ဆိုရမှာပါပဲ။

ဆိုင်ရှင် အန်တီကြီးက ကျွန်တော်သိပ်ကြိုက်တဲ့
နို့တွေနဲ့ ပေါင်မုန့်ခြောက်တွေ ၊
အသားပြားတွေကို ပုံမှန်ကျွေးတယ် ။

ဟိုတုန်းကလို အမေ့နို့ကို ဝိုင်းအုံလုစရာ
မလိုတော့တာ တခုကတော့ ကောင်းပေမဲ့
စိတ်ကြိုက်ဆော့ကစားခွင့်မရတော့တာတခုကတော့ ဆိုးပါတယ်။

ကျွန်တော့်အတွက် ပေးထားတဲ့ အိမ်သေးသေးလေးထဲမှာပဲ နေရတယ်။ အချိန်တန်အိပ် အချိန်တန်စား ။

တကယ်ဆို လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်နဲ့
ပြေးလွှားဆော့ကစားချင်တယ်လေ။

ကျွန်တော်က အဆော့မက်တဲ့
ခွေးကလေး မဟုတ်လား။

ဒီလိုနဲ့ပဲ ကျွန်တော် ဒီမှာ နေနေတဲ့ ကာလအတွင်း အရာအားလုံး အဆင်ပြေချောမွေ့တယ်ဆိုသော်လည်း ကျွန်တော့်မှာ ပိုင်ရှင်အတိအကျ မရှိခဲ့သေးသလို ကိုယ်ပိုင်နာမည်လှလှလေးလဲ မရခဲ့သေးပါဘူး။

ကျွန်တော့်ကို သေချာမွေးမြူပြီး ချစ်ခင်ပေးမဲ့
သခင်ကောင်းကောင်းလေးကို လိုချင်မိသား။

ကျွန်တော့် ဆန္ဒတွေ မြန်မြန်ပြည့်မြောက်ပါစေ။

ဟော......

"ချွင်" ဆိုတဲ့ အသံလေး။ ဆိုင်ထဲကို ဧည့်သည် ဝင်လာတာနဲ့ ကြားရတဲ့ ခြူသံလေး ထွက်ပေါ်လာတာမို့ ခေါင်းကို ချာကနဲ လှည့်ကာ ဝင်ပေါက်တံခါးရှိရာဆီ ကျွန်တော် ကြည့်လိုက်မိတော့ လူနှစ်ယောက် ဝင်လာတယ်။

အမျိုးသမီးတစ်ယောက် နဲ့ အမျိုးသားတစ်ယောက်။

သူတို့ဆီက ရတဲ့ အနံ့လေးက တမူထူးကာ မွှေးနေတာမို့ ကျွန်တော်လဲ စိတ်ဝင်စားသွားမိတယ်။ ဒါ့ကြောင့် အမြှီးကို တတ်နိုင်သမျှ လှုပ်ရမ်းကာနှုတ်ဆက်ရင်း ပါးစပ်ကလဲ အသံပြုလိုက်တယ်။

Tannie In Love [ Completed ]Where stories live. Discover now