အပိုင်း (၆၄.၁) - ဖူဝူထျန်း ၏ စွမ်းအား

En başından başla
                                    

အောက်တရားသူကြီးကျန့် က လေးလံသည့် သက်ပြင်းတစ်ချက်ကို ချလိုက်မိသည်။

"မိန်းမရေ...ကျုပ်က ဘာမဟုတ်တဲ့ စီရင်စုအောက်တရားသူကြီး တစ်ယောက်ပါပဲကွာ"

သူ့ဇနီး မည်သည်ကို စဥ်းစားနေသည်အား သူသိပေသည်။ သူသည်လည်း အန်းမိသားစု ကို ကူညီချင်ပါ၏။ ဤရက်များတွင် သူသည် အန်းယွမ်စီရင်စုရှိလူများ၏ ပျော်ရွှင်မှု ကို ခံစားမိသော်ငြား သူ လုပ်နိုင်သည့်အရာဟူ၍ ဘာမှ မရှိပေ။

ကျန့်သခင်မက အသံငယ်လေးဖြင့် ပြောလိုက်၏။

"ခင်ပွန်းရယ်...ဒီဇနီးက ခင်ပွန်းကို ဒီကိစ္စမဖြစ်အောင် ရပ်တန့်ပေးဖို့ ပြောနေတာ မဟုတ်ပါဘူး။ဒါပေမယ့် ခင်ပွန်းက အန်းမိသားစု ဆီကို စာတစ်စောင် တော့ ပို့ပေးနိုင်မယ်မလားဟင်"

အောက်တရားသူကြီးကျန့် က ပြောလိုက်သည်။

"ကျုပ်လည်း မကျေမနပ်ဖြစ်နေတာပါ ဇနီးရယ်...ကျုပ်မှာ စာတစ်စောင် ရေးထားပြီးသား ရှိပါတယ်...ဒါပေမယ့် အန်းမိသားစု သခင်လေးရဲ့ လက်ထဲကို အရောက်ထည့်ဖို့ဆိုတာက ခက်ခဲနေတုန်းပဲ"

ကျင်းကျုံးထင် က ယခုတွင် စီရင်စုထဲ၌ ရောက်နေပြီ မို့ နေရာတိုင်း၌ မျက်လုံးများ ရှိနေလေသည်။ အန်းမိသားစု အား ကူညီရန် ကြိုးစားသည်ကို သူတို့ ရှာတွေ့သွားကြသည်နှင့် ဒုက္ခရောက်သွားပေလိမ့်မည်။

ကျန့်သခင်မက ရုတ်ချည်းဆိုသလို သူ့လက်အား ပျော်ရွှင်စွာ ဆုပ်ကိုင်လိုက်သည်။

"ခင်ပွန်းရယ်...ရှင့်မှာ ဒီဇနီးရှိနေသေးတာကို မေ့နေလေရော့သလား?"

အောက်တရားသူကြီးကျန့် က တစ်ခဏမျှ ကြောင်အသွားရ၏။ ထို့နောက်တွင် သူ့ဇနီး သည် တကယ့်ကို အကောင်းဆုံး စာပို့ပေးနိုင်သူ ဖြစ်ကြောင်း နားလည်လိုက်လေသည်။ သူမကို သွားခွင့်ပြုခြင်းသည်သာ အသင့်တော်ဆုံးနှင့် အမှန်ကန်ဆုံး နည်းလမ်း ဖြစ်သည်။

ကျန့်သခင်မတွင် လစဥ်လတိုင်း ဘုရားကျောင်းသို့ သွားကာ အမွှေးနံ့သာ ပူဇော်တတ်သော အလေ့အကျင့် ရှိသည်။ သူမက အချိန်သတ်မှတ်မထားဘဲ တစ်လလျှင် သုံးကြိမ်မှ ငါးကြိမ်အထိ သွားရောက်တတ်သည်။ ယခုမှာ ငါးလပိုင်းကို ကူးပြောင်းကာစ ဖြစ်ပြီး သူမသည်လည်း ဘုရားကျောင်း သို့ မသွားရသေးပေ။ ဤသည်မှာ အသင့်တော်ဆုံး ဆင်ခြေ ဖြစ်ပေသည်။

ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)Hikayelerin yaşadığı yer. Şimdi keşfedin