//intro//

3.1K 135 18
                                    

 //အတ္တကိုဗဟိုပြု၍//

  Unicode

        တင့်တယ်လှပလွန်းလှတဲ့မီးဆိုင်းကြီးတေရဲ့အောက် ကျယ်ပြန့် ခမ်းနားလွန်းတဲ့ အခန်းကျယ်ကြီးရဲ့ထဲမှ king size bed ကြီးရဲ့ ခြေရင်းတစ်နေရာမှာ ‌ကျုံ့ကျုံ့လေးထိုင်ကာ ကြောက်ရွံ့မှုအပြည့်ဖြင့်ငိုနေသောမိန်းကလေးတစ်ယောက်....

သည်းသည်းမဲမဲရွာချနေတဲ့မိုးနဲ့ အဆက်မပြတ်ခြိမ်းနေသော မိုးခြိမ်းသံကြောင့်ကြောက်ရွံ့မှုတို့ပိုလို့တိုးဝွေ့လာ ရသည်။

"မြန်မြန်ပြန်လာခဲ့ပါ ကျမကြောက်လို့ပါ ကျမတစ်ယောက်ထဲနေဖို့ တကယ် ကြောက်လွန်းလို့ပါ"

တိတ်တဆိတ်စိတ်ထဲမှ တိုးညှင်းစွာပြောနေသော အသံမှာ နှုတ်ဖျားကတော့ ကျယ်လောင်စွာထွက်မလာခဲ့....

ခနအကြာ ထိုခြံဝန်းကျယ်ထဲ ဝင်ရောက်လာတဲ့ အနက်ရောင် ကား တစ်စီးရဲ့မီးရောင်ကြောင့် သူပြန်လာပီဆိုတာ သူမ သိလိုက်သည်။ စိတ်ထဲ နွေးခနဲခံစားမှုနဲ့ အတူ လုံခြုံမှု ကို အပြည့်အဝခံစားရစေခဲ့ပေမယ့်.......

သူပေးမယ့်နာကျင်မှုတချို့ကိုတွေးကာ စိတ်ထဲ ကြောက်ရွံ့မိစေသော်လည်း သူမရှိလျှင် သူမ ပို၍ ခြောက်ခြားရသည်လေ။ ဘာဘဲဖစ်ဖစ် ချစ်ရသူအလိုကျ ကျမက ပေးဆပ်ရုံသက်သက်ပေါ့.......
________________

"ဘတ်အွန်းဟာ ! မင်းဘယ်မှာလဲ ! "

အခန်းထဲဝင်ကာ ခေါ်လိုက်တဲ့သူ့အသံကြောင့် တိုးညှင်းတဲ့ သူမအသံဖျော့ဖျော့က ကုတင်ခြေရင်းက လာသည် ဆိုတာ သူသိလိုက်သည်။ သူမရှိတုန်း ဒီကောင်မလေး ဘယ်‌လောက်တောင် ကြောက်ရွံ့နေလိမ့်မလဲ.........

"ဂျောင်ကု......."

"အွန်းး မင်း ငိုနေပြန်တာလား အဟက်!"

သူမပါးနှစ်ဖက်ကို ဖျစ်ညစ်ကာ မော့စေတော့ မျက်ရည်စလေးများဖြင့် သူ့ကိုမော့ကြည့်လာတဲ့မျက်ဝန်းလှလှကြောင့် သူ့ရင်ထဲ တချက်နင့်ခနဲ
ဒါမဲ့ သူ့အချစ်တွေကို ဖော်မပြချင်ခဲ့ဖူးလေ မဟုတ်ဘူး ဖော်ပြဖို့အားနာနေခဲ့သည်ဆို ပိုမှန်မည်လေ။

"မငိုနဲ့ .. ငါအမုန်းဆုံးကဘာလဲသိလား ! မျက်ရည် ဆက်လက်နဲ့ လာချူတဲ့မိန်းမတေဘဲ !"

//Self-centered//Tahanan ng mga kuwento. Tumuklas ngayon