သတင်းကြားထဲက စိတ်မကောင်းဖြစ်နေတာ.
ယခု
တံခါးဖွင့်လိုက်တာနဲ့ပြေးထွက်လာ၍
လူကိုအားကိုးတကြီး..ပြေးဖက်လာသည်ကို
အလွန်စိတ်မကောင်းဖြစ်သွားသည်။

သူမရဲ့ ဘဝက ဘယ်လောက်တောင်ကံဆိုးလိုက်သလဲ။

......

တရှိုက်ငိုနေတဲ့ ဝမ်ရှိုးယွဲ့၏ ကျောပြင်လေးကို အသာသပ်ပေး၍ နှစ်သိမ့်ပေးလိုက်သည်။

ရှိုးယွဲ့.စိတ်ကိုပြင်ဆင်လိုက်ပြီးမှဘယ်သူ့ကို သူမဖက်ထားတာလဲလို့.မော့ကြည့်မိသည်။

ခါတိုင်းမည်းမှောင်၍ မထီစောင်းကြည့်တတ်သော ချွင်းရှောက်ဖန် ၏မျက်ဝန်းတွေမှာ ယခု
မေတ္တာဓာတ်ဖြင့်ပြည့်ဝနေသည်။

ကျယ်ပျံ့လှတဲ့.ရင်ခွင်ထဲမှ ထွက်လိုက်ကာ.
မျက်ရည်စများကို သုတ်လိုက်ပြီး.

". ကျေးဇူးတင်ပါတယ်.ချွင်းလူကြီးမင်း.
ကျေးဇူးကြီးမားလှပါတယ်. ရှိုးယွဲ့..
ဟင့်..ရှိုးယွဲ့ကို ကူညီပေးတာ..
တကယ် ကျေးဇူးတင်ပါတယ်..."

" ဝမ်ရယ်က.
လာခေါ်ခိုင်းလိုက်တာပါ
ကျွန်တော်ကိုကျေးဇူးမတင်ပါနဲ့ "

" ကျေးဇူးတင်ပါတယ်.
ပုခုံးခဏငှါးပေးတဲ့တွက် ပိုပြီးကျေးဇူးတင်လှပါတယ်"

တုန်ရီစွာနှင့် ချွင်းရှောက်ဖန်ကိုအကြိမ်ကြိမ်ကျေးဇူးတင်နေမိသည်။

ဆိုးရွားလှတဲ့ ထိုနေရာကြီးဆီကို စွန့်ခွာသွားချင်ပြီမို့.
ခြေလှမ်းရွေ့လိုက်တာနဲ့
ခွေကနဲ လဲကျသွားသည်။

". ဝမ်မိန်းကလေး ..ဝမ်မိန်းကလေး..."

ခြောက်ခြားဖွယ်တုန်လှုပ်မှုများနှင့်ဖြတ်သန်းပြီးရနဲ့နေ့ရက်က အတော်လေးသေလုနီးဖြစ်ခဲ့ရတယ်။
သို့ကြောင့်.ဝမ်ရှိုးယွဲ့ သတိလစ်သွားခဲ့သည်။

ပျော့ပျောင်းနုဖတ်လှတဲ့ ကိုယ်သေးသေးလေးကို ပွေ့ချီကာ ကြာပန်းနီအဆောင်သို့ပို့ဆောင်ပေးခဲ့ပြီး
စိတ်မကောင်းဖြစ်နေမိသည်။
..

  Vîllïañ's Wïšĥ ~ Arc[2]💜[3]💜[4]💜[5]Where stories live. Discover now