Ep 39

3.4K 187 7
                                    

"ငယ်ရေ ထတော့ သမီးကိုသွားခေါ်ရအောင် "

"ကျွန်တော်မလိုက်တော့ဘူး ကိုယ့်ဘာကိုသွားခေါ်လိုက်တော့ "

"ကိုယ်အလုပ်ကအရေးကြီးကိစ္စနဲ့ခေါ်နေလို့ခဏသွားရမယ် အဲ့တာ အမေတို့အိမ်လိုက်ခဲ့ပြီး သမီးကိုအိမ်ပြန်ခေါ်သွားပေးပါလား "

အိပ်နေရာကနေကုန်းထကာ အပျင်းကြောဆန့်လိုက်သည်။
သွေးရတုကတော့ အကျီလဲပြီးပြင်တောင် ပြင်ဆင်ပြီးနေပြီ​ဖြစ်သည်။

"ကိုကိုကလည်း ကိုယ့်ကိစ္စကိုမလုပ်ဘူး ကားလည်းမရှိပဲနဲ့ ဘယ်လိုပြန်ရလာရမှာလဲ "

"အဲ့တာက ဦးအောင်ကိုပြန်ပို့ခိုင်းလို့ရပါတယ် ကိုယ်တကယ်မအားလို့ပါ နော် "

"အင်း အင်း ခဏစောင့်ဦး အကျီလဲလိုက်ဦးမယ် "

"ကိုယ်အောက်မှာစောင့်နေမယ် ကားပေါ်ကိုပစ္စည်းတွေတင်စရာရှိလို့ "

အိပ်ရာပေါ်ကထကား ရေအမြန်ချိုးပြီး အကျီလဲကာအောက်ဆင်းရလာသည်။
အလုပ်ကအရေးကြီးနေတယ်ဆိုလို့ မနက်စာတောင်မစားနိုင်ပဲ ကိုယ့်ကို မေခင်တို့အိမ်ပို့ပြီးတာနဲ့တန်းထွက်သွားသည်။
အစကတော့ ကလေးခေါ်ပြီးတခါတည်းပြန်မလို့ အခုအိမ်ကလူတွေက နေ့လည်စာစားပြီးမှပြန်ပါဆိုလို့
နေ့လည်ထိနေလိုက်သည်။
နေ့လည်ကျတော့လည်း ပြန်မယ်လုပ်တော့မှကလေးကအိပ်ပျော်သွားပြီ ကိုယ့်မှာထပ်စောင့်နေရတယ်။
မေခင်တို့ကလည်းနေပူလို့ အေးဆေးမှပြန်ဆိုတာနဲ့ပဲ အိမ်ပြန်ဖို့ကိုညနေစောင်းသွားရတယ်။

"ပစ္စည်းတွေအကုန်ပါပြီလား ကားပေါ်တက်တော့ "
သမီးကိုကားပေါ်အရင်တင်ပေးလိုက်သည်။
ပြီးမှကိုယ်ပါတက်လိုက်သည်။
ကားသမားကလည်းအဆင်သင့်ဖြစ်နေပြီ။

"မေခင်ကျွန်တော်တို့ပြန်တော့မယ် နောက်မှထပ်လာခဲ့မယ် "

"အေးပါ ဖြေးဖြေးသွားကြ ကိုအောင်လင်းကားကိုဖြေး​ဖြေးမောင်းသွား "

"ဟုတ်ကဲ့ အမကြီး "

"ဘွားဘွားတို့ကိုနှုတ်ဆက်လိုက်ဦး "

"ဘွားဘွား တာ့တာ တီတီတို့အားလုံးတာ့တာ "

"အေးပါကွယ် တာ့တာ "
အချင်းချင်းလက်ပြနှုတ်ဆက်ပြီး ကားကိုစတင်ထွက်လာခဲ့သည်။
အိမ်ကထွက်လာတော့ ၅ နာရီထိုးနေပြီ ဆောင်းတွင်းဘက်မို့ ညနေစောင်းတာနဲ့မိုးကချုပ်ပြီ။
လမ်းတစ်ဝက်မှာတင်နဲနဲမှောင်လာပြီ။

The First Hate, The Last Love Where stories live. Discover now