Ep 19

4.8K 359 30
                                    

5 years later.....

England နိုင်ငံရဲ့ဆောင်းရာသီဟာ မနှစ်ကထက် ဒီနှစ်မှာပိုအေးလာတယ်။
London မြို့ဟာ အရင်နှစ်တွေအတိုင်းမပြောင်းလဲပဲ လူတွေကလည်းသွားလှုပ်ရှာနေကြတယ်။
အေးလိုက်တာ အေးလွန်းလို့ခဲတော့မယ်။
ဒီနှစ်မှာ နှင်းတွေကျပြီးရေတွေခဲမယ်လို့ သတင်းထဲမှာနေ့တိုင်းကြော်ငြာတာကိုတွေ့ရတယ်။
"ဟူး...အေးလိုက်တာ"
လက်နှစ်ဖက်ကို ပွတ်ကာအအေးသက်သာအောင်လုပ်နေသည်။

ဒီနှစ်တွေမှာ တစ်ယောက်တည်းနေခဲ့လာတာ ဘယ်လောက်တောင်အဆင်မပြေနေခဲ့ရလဲ။
ငွေကြေးကလိုတာထက်ပိုပြည့်စုံတဲ့ အနေအထားမှာရှိပေမဲ့ အထီးကျန်ခြင်းကို ဒီငွေတွေနဲ့လဲလို့မှမရတာ
ပြတင်းပေါက် အပြင်ကိုငေးကာတွေးရင်း မျက်ရည်တွေဝဲလာသည်။

ဒီနေ့က ဘုရားကျောင်းသွားပြီး ကုသိုလ်လုပ်ရမည်ဖြစ်သောကြောင့်
အေးနေတဲ့ကြားထဲက ရေနွေးနဲ့ရေချိုးပြီး အကျီလဲကားအပြင်ကိုထွက်လာခဲ့သည်။

လတိုင်း ခရစ်ယာန် ကျောင်းမှာ မိဘမဲ့ကလေးတွေဆီသွားပြီ ကုသိုလ်ဖြစ် အလှုုအနည်းငယ်လုပ်ဖြစ်သည်။
ဒီနေ့လည်း ဘုရားကျောင်းသွားဖို့ ကားသော့ယူကာ ဘုရားကျောင်းရှိရာသို့ဦးတည်လာခဲ့သည်။

"ဖာသာ ဘာတွေလိုသေးလဲ လိုတာရှိရင်ကျွန်တော့်ကိုပြောနော် "

"အင်း ဒီမှာအားလုံးပြည့်စုံနေပါပြီအမြဲတမ်းလာလှုုပေးလို့ကျေးဇူးတင်ပါတယ် ကလေးတွေလည်းအကုန်ပြည့်စုံနေပါပြီ လုပ်ခဲ့တဲ့ကောင်းမှုကုသိုလ်ကြောင့် jacksonလည်း ကောင်းမွန်တဲ့ ဘဝသစ်မှာကောင်းကောင်းမွန်မွန်ရှိနေမှာပါ
ဒါနဲ့ဒီနေ့အလှုုရှင် အသစ်ရှိတယ်
ကလေးတွေကဟိုဘက်မှာ
သွားလိုက်ဦး "

"ဟုတ်ကဲ့ဖာသာ "
ဖာသာပြောတဲ့အတိုင်းကလေးတွေရှိရာသို့ လျှောက်လာလိုက်သည်။
ဒီကကလေးတွေကအရမ်းသနားဖို့ကောင်းသည်။ မိဘတွေပြစ်သွားလို့ သေသွားလို့ မွေးပြီးမလိုချင်လို့ အမျိုးမျိုး သောအကြောင်းတွေကြောင့်ပြစ်ထားခဲ့တဲ့ကလေးတွေကို ဖာသာကခေါ်​ပြီး​စောင့်​ရှောက်ထားတာဖြစ်သည်။

အရင်ကအလှုုရှင် မရှိတာကြောင့် ကျောင်းလေးဟာ ကလေးတွေအတွက်တော်တော်ခက်ခဲသည်။
ဖာသာတစ်ယောက်တည်းနဲ့ကလေးတွေကိုကျွေးမွေးဖို့တော်တော်မလွယ်ခဲ့တာ
ကျွန်တော်နဲ့ jackson ဒီကျောင်းလေးကိုရောက်ပြီးနောက်ပိုင်း လတိုင်းလိုလို ကလေးတွေဆီလာပြီး တတ်နိုင်သ​လောက်အလှုုလုပ်ဖြစ်သည်။

The First Hate, The Last Love Where stories live. Discover now