Ep 26

3.9K 282 11
                                    

"အား...."
ဒုတ်

ရေချိုးခန်းထဲအဝင် အောက်မှာစိုနေတဲ့ရေရယ် ​တစ်စက်စီကျနေတဲ့ ဆပ်ပြာရည်တွေရယ်ကြောင့် ချောကာ ရေချိုးကန်နဲ့ ခေါင်းနဲ့စောင့်မိပြီး ခါးကိုပါထိသွားသည်။

"အင့် နာလိုက်တာ အား ကျွတ် ကျွတ် သေပါပြီ သွေးတွေပါထွက်လာပြီ "

"​အပြင်မှာဘယ်သူမှမရှိကြဘူးလား "

ပုံစံက ချော်လဲပြီး ခေါင်းကိုစောင့်ထားတာကြောင့် တော်တော်လေးမူးနေသည်။
ခေါ်နေတဲ့အသံကအားတောင်မရှိ။
ခါးကလည်းနားနေတာကြောင့် မတ်တပ်မထနိုင် လူကတော်တော်အထိနာနေပြီ။ခေါ်နေတာ တစ်ယောက်မှလည်း ဝင်မလာ ဘယ်သူမှမကြားကြဖူးထင်တယ်။
အခန်းကအသံလုံအခန်းဖြစ်တဲ့အပြင် ရေချိုးခန်းထဲကိုရောက်နေတာကြောင့် အပြင်နဲ့ဆိုအသံကလုံးဝနီးပါးမကြားရပေ။

ဒါပေမဲ့ ခုနကအခန်းထဲမှာ ငယ်ရှိနေတယ်လေ ကိုယ်အော်တာမကြားရအောင် အိပ်ပျော်နေလို့လား။

"ငယ် ငယ် အ​ပြင်မှာရှိလား "
အပြင်ကပြန်ထူးတဲ့အသံမကြားရ။

'အဲ့မှာ တစ်ရေးလောက် အိပ်လိုက်ဦး ကိုသွေးရတု ကျွန်တော်လာခေါ်မယ်ထင်မနေနဲ့ '
အလင်းတစ်ယောက်စိတ်ထဲကတွေးကာ မဲ့ပြုံးပြုံးလိုက်သည်။
_____________________
သွေးရတုအိမ်ကိုပြန်မလာခင်.....
အလင်းရေချိုး​နေရင်း အတွေးတခုဝင်လာသည်။
အမြဲတမ်း သွေးရတုကို ဒုက္ခပေးဖို့စိတ်ကူးထဲရှိသော်လည်းရောက်တည်းက တစ်ခါမှထိုအကြံကိုအကောင်အထည်မဖော်ရသေး။
ဒါကြောင့် ရေချိုးရင်း စဥ်းစားမိတာက သူအလုပ်ကပြန်လာရင် ရေချိုးမှာပဲ ရေမချိူးခဲ့ရင်တောင် အနည်းဆုံးတော့ရေချိူးခန်းကိုဝင်မှာပဲ။
အဲ့တာကြောင့် ရေဗန်းကို ကြွေပြားတခုလုံးရွှဲသွားအောင်ဖွင့်ချထားလိုက်သည်။ပြီးတာနဲ့ ရှိသမျှ shower တွေကို ကြွေပြားပေါ် လောင်းချထားလိုက်သည်။
ရေချိူးပြီးပြန်ထွက်လာတာနဲ့ တံခါးကိုပါပိတ်ထားလိုက်သည်။
ဖွင့်ထားမိရင် ရေချိုးခန်း ထဲကဟာတွေမြင်ပြီး ဘာမှမဖြစ်မှာစိုးလို့ တံခါးလေးပါသေချာပိတ်ထားခဲ့လိုက်သည်။
ပြီးတာနဲ့ အဝတ်အစားလဲကာ အခန်းထဲ တီဗီထိုင်ကြည့်နေလိုက်သည်။
Flashback end.....

The First Hate, The Last Love Where stories live. Discover now