🔥Ep 36 🔥

4K 196 10
                                    

"အာကာ ညနေကျ ဟိုနေ့ကမှာထားတဲ့ ကိတ်မုန့်လေးသွားယူပေးဦး
ပြီးတော့ ဒီနေ့ Schedule တွေဘာရှိလဲ ညနေ 3 နာရီနောက်ပိုင်းဟာတွေဆိုဖြတ်လိုက်နော် "

"ဟုတ်ကဲ့ boss "

" ဒီနေ့အပြင်ထွက်ရမဲ့ကိစ္စရှိသေးလား "

"မရှိပါဘူး "

"ရပြီ သွားတော့ "

"ဟုတ်ကဲ့ boss "

ဒီနေ့က anniversary ဖြစ်တာမို့ ပွဲအကြီးကြီးမဟုတ်ရင်တောင် အမှတ်တရဖြစ်နေအောင် နဲနဲလောက်လုပ်ပေးဖို့စဥ်းစားထားသည်။
အခုနှစ်​ယောက်ကလည်းပြန်အဆင်ပြေနေပြီမို့ ​နောက်ဆို ပိုကောင်းတဲ့ဘဝကိုရဖို့မျှော်လင့်ထားသည်။

တခုပဲကျန်​တော့တာ ငယ်ကသမီးလေးကိုလက်ခံနိုင်ဖို့
သမီးလေးကိုတွေ့ရင် ငယ်လက်မခံနိုင်မှာစိုးရိမ်မိတယ်။
သမီးလေးက ယုသမီးလေးဆို​တော့ အတိတ်ကိုပြန်တွေးပြီး စိတ်ဒဏ်ရာဖြစ်မှာစိုးရတယ်။

နောက်ရက်ပိုင်းလောက်ဆို သမီးလေးလည်းကျောင်းပိတ်ပြီမို့ ဒီကိုပြန်လာတဲ့အချိန် ငယ် နဲ့အဆင်ပြေစေချင်တယ်။
သမီးလေးကဘာမှမသိတာမို့ သမီးလေးကိုလည်းအပြစ်မမြင်စေချင်ဘူး။
ငယ်က ဒါကိုလက်ခံနိုင်ပါစေလို့ပဲဆုတောင်းရသည်။

ဒေါက် ဒေါက် ဒေါက် ......

"boss အပြင်မှာ mary ရောက်နေတယ် "

"ကျစ် အဲ့မိန်းမမပြီးနိုင်သေးဘူးလား ခေါ်လိုက် "

ဒေါက်ဖိနပ်သံကတဂွပ်ဂွပ်နဲ့ အခန်းကိုဝင်လာပြီး ဧည့်မခံရသေးခင်
ဆိုဖာပေါ်အရင်ခြေချိန်ကာထိုင်လိုက်သည်။

"မတွေ့ရတာကြာပြီနော် နေကောင်းရဲ့လား "

"စောက်ပိုတွေပြောမနေနဲ့ ဘာကိစ္စလဲ မင်းငါ့နားကိုထပ်လာရဲလိမ့်မယ်လို့ထင်မထားတာတော့အမှန်ပဲ
ဘယ်လိုလဲ သက်သာသွားပြီလား "
မျက်လုံးကိုအောက်ကိုကြည့်ပြီးမေးလိုက်တာကြောင့် ဘာသဘောပြောလဲဆိုတာ mary အထာပေါက်သည်။
ဒါကြောင့် မျက်နှာကွက်ခနဲပျက်သွားသည်။

"ဟက်....သက်သာလို့ ဒီထိတောင်လမ်းလျှောက်လာနိုင်တာပေါ့ "

"သွေးရတု "
mary အော်လိုက်တာကြောင့် သွေးရတု နှုတ်ခမ်းကိုတွန့်ပြီး မျက်ခုံးကိုပင့်တင်လိုက်သည်။

The First Hate, The Last Love Where stories live. Discover now