🔥Ep 28 🔥

5.8K 282 21
                                    

"ငယ် နိုးပြီလား ကိုယ်မနက်စာပြင်ထားတယ် မျက်နှာသစ်ပြီးဆင်းခဲ့နော် "
သွေးရတုလည်းပြောပြီး အပြင်အောက်ပြန်ဆင်းသွားသည်။

ကိုယ်လည်းမျက်နှာသစ်ရအောင်ရေချိုးခန်း၀င်လိုက်သည်။
လူကညီးစီစီဖြစ်နေတာနဲ့တခါတည်းရေပါချိုးလိုက်သည်။
ရေမိုးချိုးပြီးတာနဲ့ အောက်ထပ်ဆင်းလာခဲ့သည်။

"ငယ် လာထိုင် "

"ကိုယ်ထမင်းကြော်ထားတယ် ပန်းကန်ပေး ကိုယ်ထည့်ပေးမယ် "

"ငယ် ဘယ်သွားစရာရှိသေးလဲ "
ပြောရင်း ထမင်းကြော်ပန်းကန် ကို ကမ်းလိုက်သည်။

"မရှိဘူး ဒါပေမဲ့ အပြင်သွားချင်တဲ့စိတ်ဖြစ်ရင်သွားမယ် "

"အော် ငယ်သွားစရာရှိရင် ကိုယ့်ကိုဖုန်းဆက်လိုက်လေ ကိုယ်အာကာကိုလွှတ်လိုက်မယ် "

"အင်း "

စကားစပြတ်သွားတာနဲ့ဘာဆက်ပြောရမှန်းမသိတာကြောင့် ထမင်းကြော်သာဆက်စားနေလိုက်သည်။

"ငယ် ကိုယ်အလုပ်သွားတော့မယ်
လိုတာရှိရင်ကိုယ့်ကိုဖုန်းဆက်လိုက်နော် "

"အင်း"

အိမ်မှာတစ်ယောက်တည်းထားခဲ့ရမှာစိတ်မချပေမဲ့
မပြောရဲတာကြောင့် လျစ်လျုရှုပြီးတော့ထွက်လာခဲ့လိုက်တယ်။
ကိုယ်ပြောလည်းရမှာမှမဟုတ်တာ ​ပြောလိုက်မှပိုဆိုးသွားရင်ဖြင့်ဆိုတဲ့အတွေးနဲ့ မျိုသိပ်ထားလိုက်သည်။
ပြသနာတွေလည်းထပ်မဖြစ်ချင်တော့ဘူး ကိုယ်တွေလည်းအသက်တွေကြီးလာပြီ အရင်လိုလည်းမာနတွေပြိုင်မနေချင်တော့ဘူး။
ငယ့်ကိုသာအလျော့ပေးဖို့စဥ်းစားထားသည်။
အဲ့လိုနဲ့ပဲ ​အတွေးများစွာနဲ့ ရုံးကိုရောက်လာခဲ့သည်။
အိမ်အသစ်ပြောင်းလာတာကြောင့် ကားလည်းကိုယ့်ဘာကိုသာမောင်းလာသည်။
Driver ခေါ်ထားမယ်ပြောရင် ထပ်ရစ်နေမှာစိုးတာကြောင့်
ကိုယ်တိုင်ပဲ driver လုပ်နေရသည်။

"လူကသာ အလုပ်မှာစိတ်က အိမ်ကိုရောက်နေသည် "

"boss ဒီညနေ ဟိုဘက်ကုမ္ပဏီနဲ့ စာချုပ်အသစ်ထပ်ချုပ်ဖို့ရှိတယ် ပြီးတော့ ညစာစားပွဲလည်းတက်ပေးရမယ် "

The First Hate, The Last Love Where stories live. Discover now