ဟိုကောင်တွေကိုတစ်ဝိုင်းလိုက်တည်ရင်း
လဲထားရတဲ့
နံပါတ်လေးကို အရဲစွန့်
နှိပ်လိုက်တော့ ချက်ချင်းပြန်ဖြေလာတယ်အသံလေးကိုကရင်ခုန်စရာ......
"ဟယ်လို"
"ကိုယ်ပါ"
"ဘယ်သူလဲမသိဘူး"
"တကယ်မမှတ်မိတာလား"
"နာမည်မပြောတော့ကျွန်တော်ကဘယ်လိုသိမှာလဲ"
'စွာတယ်ဟ'
ဘေးကကောင်တွေထအော်တော့
ပါးစပ်တွေကိုအမြန်လိုက်ပိတ်ရင်း
speakerကိုပြန်offလိုက်ရတယ်"မှတ်ထားပေးဆိုတာကို မေ့သွားပြီထင်တယ်
ကိုယ့်နာမည် ကောင်းခန့်ဟိန်းလေ""တစ်နေရာမှာကြားဖူးသလိုတော့ရှိတယ်
ဒါနဲ့ဘာ ကိစ္စများလဲမသိဘူး"ဟာသွားပါပြီကွာနောက်ဆုံးတွေ့ခဲ့တဲ့တစ်ခေါက်တုန်းက
နာမည်ကိုသေချာပြောရင်း မှတ်ထားဖို့ပြောထားတာကို
တော်တော်မေ့တတ်တဲ့ကောင်လေးအင်းလေ ချက်ချင်းတော့ဘယ်ခေါင်းထဲရောက်အုံးမလဲ
ဒီလိုပဲကြိုးစားကြည့်ရမှာပေါ့"တကယ်မှတ်မထားတာပဲ ဝမ်းနည်းသွားပြီ"
"လိုရင်းကိုပြောပါဗျာ ကျွန်တော်နားချင်နေပြီ"
"ohh....sorry ညည့်နက်နေပြီဆိုတာကို
ကိုယ်မေ့သွားတယ် အိပ်ချင်နေပြီထင်တယ်
goodnightဘေဘီလေး"ပဟေဠိဆန်ဆန်စဥ်းစားစရာစကားတွေပြောပြီး
စကားဆုံးတာနဲ့ဖုန်းတန်းချလိုက်တယ်
ဒါဟာ ကောင်လေးရဲ့အတွေးတွေထဲနေရာဝင်ယူနိုင်စေဖို့နဲ့
မြန်မြန်သတိထားမိစေဖို့အထိရောက်ဆုံးအကွက်"မိုက်တယ်ကွာ ဟေ့ရောင်"
"ပိုင်တယ်ကွာ ငါတောင်ကြွေချင်သွားပြီ"
တိတ်ဆိတ်နေကြတဲ့ဝိုင်းဟာ
တစ်ယောက်တစ်ပေါက်ထပြောကြရင်း
အားရပါးရလက်ခုပ်တီးသံတချို့နဲ့ရယ်သံတချို့ရောပြီး
ချက်ချင်းဆူညံလာတယ်~~~~~~~~~~
ဘာလဲဟ
ငါ့ကိုများဘေဘီလေးတဲ့
ပိုင်စိုးပိုင်နင်းနဲ့
ဘယ်ကဖုန်းသရဲများလဲ၊
YOU ARE READING
𝚁𝙴𝙰𝚂𝙾𝙽 𝚃𝙾 𝙱𝚁𝙴𝙰𝚃𝙷𝙴
Romanceစိုင်းဆက်ပိုင် × ဆည်းဆာမောင် (own creation) ကိုကို့အတွက်တော့အသက်ရှင်နေထိုင်နိုင်ဖို့ တစ်ခုတည်းသောအကြောင်းပြချက်လေးက ငယ်တဲ့..... (Unicode/Zawgyi)