"မေမေ့"
"ဟင်..သား"
အိမ်ရှေ့sofaမှာထိုင်ကာအလုပ်ရှုပ်နေတဲ့မေမေဟာ
ဆည်းဆာခေါ်သံကြားတော့ laptop ပေါ်တတောက်တောက်နှိပ်နေတဲ့လက်တွေရပ်လိုက်ရင်း လှည့်ကြည့်လာတယ်"မေမေ ဒီနေ့ညလေ စိုင်းမွေးနေ့ အဲ့တာသူ့အိမ်ကိုသွားမလို့ နည်းနည်းညည့်နက်မယ်ထင်တယ်သူငယ်ချင်းတွေလည်း
လာမှာဆိုတော့လေ"ဘေးကနေဖက်ကာမေမေ့ပါးတစ်ဖက်ကို
နမ်းရင်းပြောလိုက်တော့
လှည့်ပြီးပြန်သိုင်းဖက်လာတယ်"အမယ်လေး အချွဲကိုယ်တော်လေးရယ် ဒီလောက်ချွဲနေရင်
ကျွန်မသိပါ့""ဟီး..."
"သွားပေါ့ သားရဲ့အဝေးကြီးလဲမဟုတ် ဒီရှေ့နားလေးတင်ပဲကို"
"အဲ့တာ မေမေခနလိုက်အုံးမလားလို့"
"မလိုက်တော့ဘူး ဒီညမေမေ့koreaကားလာမှာ
လွတ်သွားလို့မဖြစ်ဘူး""အဲ့တာဆိုလည်းပြီးရော ဒါပေမယ့်လေဆည်းဆာဘာမွေးနေ့လက်ဆောင်ပေးရမှန်းမသိလို့လေ မေမေစဥ်းစားမိတာများရှိလား ဟင်"
"မေမေလည်းအတိအကျတော့ဘယ်သိမလဲသားရဲ့ သားစိုင်းလိုအပ်မယ်တာတစ်ခုခုပေးလိုက်ပေါ့ ဒါမှမဟုတ်သူနဲ့တိုင်ပင်ကြည့်ပေါ့"
"ဟုတ်တယ်နော် ကျေးဇူးပဲမေမေ ညနေစောင်းနေပြီသားရေသွားချိုးတော့မယ်"
သိချင်တာလဲသိရရောချက်ချင်းဘေးကခွာကာခုန်ပြန်ကျော်လွားရင်း အပေါ်ပြေးတက်သွားလေရဲ့ ဒီကလေး
အသက် ၁၇ပြည့်ပြီးပြီသာပြောတာအခုထိကလေးဆန်တုန်း"ဟဲ့ဟဲ့ အော် ပြုတ်ကျလို့ကျိုးပဲ့ကုန်ပါမယ်သားရယ်ဖြည်ဖြည်းသွားပါ"
~~~~~~~~~~
"အမလေး လာပါပြီဆက်ပိုင်ရဲ့"
ခြံတံခါးဆွဲဖွင့်ရင်းဝင်လိုက်တာပဲရှိသေး
ကြိုရောက်နှင့်နေပြီဖြစ်တဲ့ဟိုမမနှစ်ယောက်ကအသံစွာစွာနဲ့ကြိုဆိုလိုက်ပုံက"ရှင်လေးနောက်ကျနေတာနဲ့ ဆက်ပိုင်လည်ပင်းကြီးရှည်ထွက်နေပြီ
သူ့မှာအိမ်ကိုရောက်နေတဲ့ဧည့်သည် ငါတို့ကိုလဲထားခဲ့လို့မရနဲ့"
YOU ARE READING
𝚁𝙴𝙰𝚂𝙾𝙽 𝚃𝙾 𝙱𝚁𝙴𝙰𝚃𝙷𝙴
Romanceစိုင်းဆက်ပိုင် × ဆည်းဆာမောင် (own creation) ကိုကို့အတွက်တော့အသက်ရှင်နေထိုင်နိုင်ဖို့ တစ်ခုတည်းသောအကြောင်းပြချက်လေးက ငယ်တဲ့..... (Unicode/Zawgyi)