> 1 <

13.4K 522 2
                                    

"သားသားရေ..သားသား"
ပုခုံးကိုပုတ်ပြီးနှိုးလာတဲ့မေမေ့အသံကြောင့်အိပ်မောကျနေရာကဆတ်ခနဲလန့်နိုးလာတဲ့ဆည်းဆာမောင်တစ်ယောက် လက်ကလေးနှစ်ဖက်နဲ့မျက်လုံးလေးကိုပွတ်ရင်း-

"ရောက်ပြီလားမေမေ"

"ရောက်ပြီသား ဒါမြို့အဝင်ဝလေ ဒီနားလေးသာယာလို့ ကားကိုလမ်းဘေးခနချရပ်လိုက်တာသားလည်းကားအကြာကြီးစီးလာရတော့ ပင်ပန်းနေမှာပေါ့ လာ... ဆင်းလေကောင်းလေသန့်လေးရှူလိုက် လန်းသွားအောင်"

"သားက ခနခနအိပ်လိုက်လာတာလေ မေမေ့ကိုသာပြောရမှာမေ‌မေ ပင်ပန်းနေမှာပဲ" ဆည်းဆာ
မျက်နှာလေးညှိုးကာပြောလိုက်တော့မေမေကပြုံးရင်း ခေါင်းလေးကိုဖွဖွပုတ်တယ်။

ဖေဖေဆုံးပြီးရက်တော်တော်ကြာတဲ့အထိညဘက်ဆိုမျက်ရည်လည်ရွှဲနဲ့ ကျိတ်ငိုနေတတ်တဲ့မေမေ့ကိုသူမကြည့်ရက်ခဲ့။
‌‌ဖေဖေ့အမျိုးတွေရဲ့ စွပ်စွဲချက်တွေကြားမေမေဘယ်လို နေလာရလဲသူသိတာမို့ နေရာအသစ်ကိုရောက်လာပြီး
စိတ်သစ်လူသစ်ပြန်ဖြစ်စေချင်ရုံသာ။

ဖြည်းဖြည်းလေးသွေးလာတဲ့
ညနေခင်းလေပြည်အေးကြောင့် ကားကိုမှီပြီးရပ်နေရင်း
အဲ့နေ့ကအဖြစ်အပျက်တွေဆီခနရောက်သွားပြန်တယ်

~~~~~~~~~~

အင်း.... ဟုတ်တယ်အဲ့နေ့မိုးတွေအများကြီးရွာတဲ့နေ့။
ဆည်းဆာအကြောက်ဆုံးအဲ့နေ့။
အဲ့နေ့က ဖေဖေအရက်တွေအများကြီးသောက်လာတယ်
ခြေလှမ်းတွေတောင်မှန်အောင်မချနိုင်တော့တဲ့ဖေဖေကမိုးရေ
တွေစိုရွှဲနေတယ် အိမ်အဝင်ဝကဖေဖေ့
ကိုသွားဆွဲကူတော့ဆည်းဆာမကြိုက်တဲ့အရက်နံ့က ထောင်းခနဲ
ဖေဖေအခန်းထဲဝင်သွားပြီးမကြာဘူး မေမေနဲ့နှစ်ယောက်သားစကားများကြတယ်
ဆည်းဆာတစ်ခါမှမမြင်ဖူးတဲ့ပုံစံမျိုးနဲ့။

နောက်ပိုင်းဖေဖေအလုပ်ကပြန်လာရင်သောက်သောက်
လာတတ်တာကိုဆည်းဆာသတိထားမိတယ်
အလုပ်မှာအဆင်မပြေတာ‌ကြောင့်မို့လို့သာဖေဖေ
သောက်လာမှန်းဆည်းဆာသိတာပေါ့
ဘာလို့လဲဆိုဖေဖေက တော်ရုံအရက်သောက်တတ်တဲ့လူမျိုးထဲမပါဘူး
တခါတလေသူငယ်ချင်းတွေနဲ့ဆုံရင်တောင်သောက်ခဲတယ်
ဒါပေမယ့်အဲ့နေ့ကလိုမျိုး သောက်လာတဲ့
ဖေဖေ့ရဲ့ပုံစံကိုပထမဆုံးနဲ့နောက်ဆုံးမြင်ဖူးတာပဲ

𝚁𝙴𝙰𝚂𝙾𝙽 𝚃𝙾 𝙱𝚁𝙴𝙰𝚃𝙷𝙴    Where stories live. Discover now