> 2 <

4.6K 369 11
                                    

ဆည်းဆာအိပ်ပျော်နေလို့မနှိုးပဲမေမေအရင်ထွက်သွားတယ်ထင်ပါရဲ့
အိပ်ရာကနိုးတော့ မေမေ့ကိုမတွေ့မိ အဲ့ဒါနဲ့ပဲ
ဆည်းဆာလဲ ဦးမောင်ပြုံးတို့လင်မယားကို ဖိုးဖိုးတို့အိမ်ဘက်သွားမယ်ပြောရင်းထွက်လာခဲ့လိုက်တော့တယ်။

နွေရာသီကျောင်းပိတ်ချိန်ဆိုတော့သိတဲ့အတိုင်း
ရာသီဥတုကပူနွေးနွေး။
ပတ်ဝန်ကျင်ကိုကြည့်မိရင်း
ဆက်လျှောက်လာတော့ ဆည်းဆာတို့လမ်းထိပ်မှာ
ပိတောက်ပင်ကြီးတစ်ပင်
ပိတောက်ပင်အောက်ကခုံတန်းလေးနှစ်ခုကတော့ အရိပ်ခိုရင်းအေးဆေးထိုင်ချင်စရာအကောင်းသား
နာရီကြည့်တော့8:35မို့ ဖိုးဖိုးတို့အိမ်တန်းမသွားသေးပဲ ခုံတန်းလေးမှာခနဝင်ထိုင်ရင်း လက်ထဲကဖုန်းကိုဆော့နေလိုက်တယ်

~~~~~~~~~~~

ခနနေရင် အနှောက်အယှက်မ လာတော့မှာမို့လို့
မနက်စာပေါင်မုန့်နှစ်ချပ်ကိုပါးစပ်ထဲသွပ်ရင်း မေမေခေါ်တာတောင်မထူးတော့ပဲ
စက်ဘီးကမန်းကတန်းစီးကာထွက်လာခဲ့တဲ့စိုင်းဆက်ပိုင်တစ်ယောက်
လမ်းပေါ်ရောက်မှ ရယ်ကာ
"Yes"လို့ရေရွတ်လိုက်ရင်း
သူတို့ပြန်လောက်မှငါလဲပြန်မယ်မဟုတ်ရင်လူကိုအနိုင်ကျင့်ချင်ရတာနဲ့ ပွတ်သီးပွတ်သတ်လာလုပ်ရတာနဲ့အကောင်းမနေ
ရဘူး နင်နဲ့လည်းဘယ်ဘဝကဝဋ်တွေလည်းမသိဘူး
ယွန်းလေးရေငါတော့ပြေးပြီဟေ့။

စံပယ်လမ်းထိပ်က‌ပိတောက်ပင်နားရောက်တော့
ဟင်.....ဟိုကောင်လေး
ဘောင်းဘီအနက်ဒူးတိနဲ့ အပေါ်ကT shirt အပြာနုရောင်
ပွပွလေးဝတ်ထားတဲ့ချစ်စရာကောင်လေးကိုစိုင်းဆက်ပိုင်မှတ်မိနေတယ်။
ဘာတဲ့ ဆည်းဆာ.....
ဟုတ်တယ် အဲ့အဖြူကောင်လေး..
လက်ထဲကဖုန်းကို အာရုံစိုက်ကြည့်နေတဲ့ကောင်လေး။

အနားရောက်တော့စိုင်းဆက်ပိုင်စက်ဘီးဘေးရပ်ကာ-

"ဆည်းဆာ"

"ဗျာ့"

သူ့ဟာသူထူးပြီးမှ ကြောင်တောင်တောင်လေး
မော့ကြည့်လာတဲ့ ကောင်လေးရဲ့မျက်နှာကိုကြည့်ရင်း စိုင်းဆက်ပိုင်ရယ်ချင်သွားတယ်

"အင်...လူမှားနေပြီအကို"

ဆည်းဆာပြောပြီးမှစဥ်းစားမိတာက လူမှားပြီးခေါ်တယ်လို့ပြောရအောင်
ဒီလူကရောဆည်းဆာနာမည်ကိုဘယ်လိုသိတာလဲ
ကိုယ့်အတွေးနဲ့ကိုယ်ရှုပ်နေတုန်း အဲ့လူက ဆည်းဆာဘေးကခုံမှာလာထိုင်တယ်။

𝚁𝙴𝙰𝚂𝙾𝙽 𝚃𝙾 𝙱𝚁𝙴𝙰𝚃𝙷𝙴    Where stories live. Discover now