> 10 <

2.4K 219 10
                                    

"ဟဲ့ဟဲ့ကြည့်ကြစမ်း
ဟိုအတွဲတောက်ပြောင်နေလိုက်တာ
ငါတို့တောင်အရောင်မှိန်သွားသလားပဲ"

အိမ်ခြံဝကထွက်ထွက်ချင်းပဲဖြူစင်က
ကားပေါ်ကလှမ်းအော်ပြောနေတာတဲ့၊
ကျန်တဲ့သုံးယောက်ကလည်းတဟီးဟီးနဲ့
တော်တော်အူမြူးနေကြပုံပေါက်တယ်

"ဒါကတော့ကိုယ့်ကုသိုလ်နဲ့ကိုယ်လေ
ဘယ်လိုနေနေအရောင်ထွက်နေတာ"

ကားပေါ်တောင်လှမ်းမတက်ရသေးတဲ့
ဆည်းဆာကတစ်ခါအားကျမခံပြန်ပက်သေးတာ

"အမယ် ဘဲကဘေးနားမှာဆိုတော့ဖဲ့နေလိုက်တာ
ကြောက်ပါတယ်ရှင်လေးကိုမပြောရဲပါဘူး
ငါတို့ဘဲရမှဒီနှစ်ယောက်ရှေ့မှာကိုသဲသဲလှုပ်ပြအုံးမယ်"

"ဟဲ့ ဘဲရှိအောင်အရင်လုပ်ပါအုံးနင်တို့နှစ်ယောက်ကလည်း"

"အေးလေ အေးလေ"

သီဟနဲ့အောင်ခန့်က ဝင်ဖောက်လိုက်တော့ထပ်ပွဲကျပြီးရယ်ကြပြန်ရော
ဒီနေ့တော့ဒီအဖွဲ့ကိုနိုင်မယ်မထင်ဘူး

ငယ်နဲ့ထိုင်နေကြ
လမ်းထိပ်ကပိတောက်ပင်ကြီးကို
လှမ်းမော့ကြည့်လိုက်တော့
ပိတောက်ပန်းတွေလှိုင်လို့

သင်္ကြန်ရက်ပေပဲမို့
အိမ်ရာဝင်းထဲကစထွက်ထွက်ချင်းမှာပဲ
မြူကြွကြွသီချင်းသံတွေကဟိုတစ်စဒီတစ်စ

ကိုယ်တို့လို
သင်္ကြန်လည်ဖို့ထွက်လာတဲ့ကားကြီးကားငယ်အသွယ်သွယ်နဲ့
ဆိုင်ကယ်အချို့ကလမ်းပေါ်မှာအရမ်းမရှုပ်သေးပေမယ့်
တော်တော်ကိုစည်နေပြီ။

အမိုးဖွင့်ကားဆိုပေမယ့်
ဘေးကစိတ်ချရအောင်သံတန်းအချို့ကာထားသေးတာမို့
လုံခြုံရေးကတော့စိတ်မပူရ
ဒါပေမယ့် သိတယ်မလား
ဘာကြီးဖြစ်နေနေ အတူတူရှိရင်
ငယ့်ရဲ့ လုံခြုံရေးတာဝန်ကိုတော့
ထုံးစံအတိုင်းယူရစမြဲ

အမှန်အတိုင်းပြောရရင်
ကိုယ်ကလူတွေတအုံ့အုံ့နဲ့
သင်္ကြန်ကိုလည်ချင်လို့လိုက်တာမှမဟုတ်ပဲ
စိုင်းဆက်ပိုင်မကြိုက်ဆုံးက
လူအရမ်းများတဲ့နေရာတွေလေ၊
ငယ်ရှိလို့ကိုယ်ကလိုက်တာ
ငယ့်အလိုကျမို့သာ

𝚁𝙴𝙰𝚂𝙾𝙽 𝚃𝙾 𝙱𝚁𝙴𝙰𝚃𝙷𝙴    Where stories live. Discover now