ဒုန်းဒုန်း!"ဆက်ပိုင်ရေ......"
ဒါ ယွန်းလေးအသံ!!!!!!
သူ့အကျင့်အတိုင်းအခန်းတံခါးပေါက်မတတ်
ထုချလိုက်တဲ့အသံကြောင့်
ရင်ခွင်ထဲပိုက်ထားတဲ့ငယ်ဟာ ချက်ချင်းရုန်းထကာ
ငေါက်ခနဲထရပ်တယ်စိတ်ပေါက်ပေါက်နဲ့အခန်းတံခါးဆွဲဖွင့်ရင်း
ဘာလဲဆိုတဲ့အကြည့်နဲ့ကြည့်ပေးလိုက်တော့မှ"အိမ်မှာဒီနေ့မုန့်လုံးရေပေါ်လုပ်လို့လာပို့တာ"
"လာပို့တာငါ့လာပြောနေစရာလား
ပြီးရင်....နင်...မိန်းကလေးဖြစ်ပြီး
တံခါးအသာအယာခေါက်လို့မရဘူးလား""ဟီး လောသွားလို့ပါဟာ"
အဲ့မျက်နှာပိုးကတစ်ခါမှမသေ
ဘယ်လောက်နာအောင်ပြောပြော
အဲ့ဒီမျက်နှာထားကလည်းပျက်မသွား
ယွန်းစံမမီထွန်းဆိုတာဟာ
သူဖြစ်ချင်တာတစ်ခုဆိုတစ်ခုပဲကြည့်တတ်တာ"ပြီးပြီမလားပြန်လေ"
အခန်းထဲကငယ့်ကိုချောင်းကြည့်နေသေးတာ
စပ်စုတတ်တာလည်းနှစ်ယောက်မရှိ
ငါထုထဲ့လိုက်ရ"နင့်စက်ဘီးနဲ့ငါ့ကိုပြန်လိုက်ပို့"
"ဘာ"
လုပ်လာပြီတွေ့လားဇာတ်လမ်းစလာပြီ
မတွေ့အောင်ရှောင်ရတယ်ဆိုတာဒီလိုဟာတွေကြောင့်ထိပ်ဆုံးက
အားနေဘယ်နားကခိုင်းရမလဲကြည့်နေတာ"နင်လာတုန်းကဘာနဲ့လာတာလဲ"
"ခြေထောက်နဲ့လေ"
"အေးအဲ့တာဆို ခြေထောက်နဲ့ပြန်ပေါ့
ငါမအားဘူး ဧည့်သည်နဲ့""သိသားပဲ မှန်းစမ်း"
တံခါးဝကလူကိုတွန်းပြီးအခန်းထဲကငယ့်ဆီတန်းခနဲပဲ
ယောကျာ်းလေးအခန်းထဲလဲ
လက်ရဲဇက်ရဲဝင်တာပဲ အိမ်လာရင်အဲ့အကျင့်ကိုတစ်ခါမှမဖျောက်ဘူး
အရွယ်ရောက်လာပြီဆိုတာကိုမေ့ပြီး
ငယ်ငယ်တုန်းကလိုအားမနာတမ်းဝင်ထွက်တုန်း
ဘယ်နားကြည့်ကြည့်အချိုးမပြေပါဘူးကွာခေါင်းအစခြေအဆုံးမျက်လုံးကြီးပြူးပြီးရပ်ကြည့်နေတာတဲ့
ကိုယ်တိုင်ကလွဲပြီး ငယ့်ကိုဘယ်သူမှအဲ့လိုကြီးကြည့်တာမကြိုက်ပါဘူးဆိုမှ
YOU ARE READING
𝚁𝙴𝙰𝚂𝙾𝙽 𝚃𝙾 𝙱𝚁𝙴𝙰𝚃𝙷𝙴
Romanceစိုင်းဆက်ပိုင် × ဆည်းဆာမောင် (own creation) ကိုကို့အတွက်တော့အသက်ရှင်နေထိုင်နိုင်ဖို့ တစ်ခုတည်းသောအကြောင်းပြချက်လေးက ငယ်တဲ့..... (Unicode/Zawgyi)