အပိုင်း ( ၃၅ ) ( Unicode )

Start from the beginning
                                    

“ ရပါတယ်ကွယ် ... ဒါနဲ့ ဒီကောင်လေးက မင်းညီလေးလား ... အရက်တွေလည်း မူးလို့ကွယ် ... မင်းနဲ့ရန်ဖြစ်ထားတာလား ”

ဦးရွှေက ခေါင်းတစ်ချက်ငြိမ့်ပြီး အသိအမှတ်ပြုလိုက်ပေမဲ့ ဒေါ်ဝင့်ဝါကတော့ မိန်းမပီပီ စပ်စုချင်သည့်ဗီဇကတော့ အသက်ကြီးလာသည်အထိ မပျောက်ဆုံးသေးပါ။

“ ဟုတ်ပါတယ် ... ကျွန်တော့်ရဲ့ညီလေးလိုဖြစ်နေတဲ့ ကျောင်းက ဂျူနီယာပါ ... ဟိုတစ်နေ့က ရန်နည်းနည်းဖြစ်ထားလို့ သူ ကျွန်တော့်ဆီ ပြဿနာလာရှာတာထင်တယ် အန်တီဝင့်ဝါရယ် ... ဒီကောင်လေးက နည်းနည်းတော့ဆိုးတယ် ... အားနာလိုက်တာ ”

“ ရတယ် ... ရတယ် ... ဘာမှအားနာနေစရာမလိုဘူး ... အချင်းချင်းတွေပဲဟာ ... တစ်ခုခုဖြစ်ရင်လည်း ဒီဘက်အခန်းကိုသာ လာပြီးအကူအညီလှမ်းတောင်းလိုက် ဟုတ်ပြီလား ... အခု ဦးလေးတို့လည်း အထဲဝင်တော့မယ် ... မင်းတို့လည်း ဝင်တော့လေ ... ဒါနဲ့ ဒီကောင်လေးကို အကျီလဲပေးလိုက်ဦး‌နော် ... အရက်ကမူး ရေတွေကစိုနဲ့ လေဖြတ်နေဦးမယ် ”

“ ဟုတ်ကဲ့ ဦးလေးရွှေ ”

မိန်းမဖြစ်သူ လေကြောရှည်နေမည်စိုးသဖြင့် ဦးရွှေလည်း စကားဖြတ်ကာ အထဲသို့ပြန်ဝင်လာခဲ့လေသည်။

ရှေ့အခန်းက လူကြီးနှစ်ယောက်လုံး မြင်ကွင်းရှေ့ကပျောက်ကွယ်သွားတော့မှ လေးဆက်လည်း သူ့ကိုယ်ပေါ်မှာ တွယ်ကပ်နေသည့် ကောင်လေးအား အထဲသို့ ခေါ်ရန်ပြင်ရသည်။

“ ခါးကို လွှတ်ဦး ဈာန် ... အတင်းဖက်မထားနဲ့ ... မင်း ဖက်ထားတော့ ငါ မင်းကို ဘယ်လိုအထဲခေါ်ရမလဲ ”

“ ဒီတိုင်းလေးပဲ နေချင်တယ် ”

“ ဒီတိုင်းလေးပဲ နေချင်လို့မရဘူး ... မင်း အထဲဝင်ပြီး အဝတ်အစားလဲရမယ်လေ ... ဒီလောက်စိုရွှဲနေတာကို ... ”

“ အဲဒါ ကိုကို့ကြောင့် ... ”

သူ့ပခုံးပေါ် မှေးတင်ထားသည့်ခေါင်းလေးက ပြန်ထောင်လာကာ နက်မှောင်စိုလဲ့နေသည့် ရီဝေဝေမျက်ဝန်းတို့က လေးဆက်ကို စူးစူးရဲရဲစိုက်ကြည့်လာပြီး

“ လွမ်းတယ် ”

လေးဆက်ရဲ့ပါးပြင်က ဖြန်းခနဲ ပူနွေးသွားရသည်။

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now