အပိုင်း ( ၃၃ ) ( Unicode )

Почніть із самого початку
                                    

ညကြီးမိုးချုပ်ဖုန်းဆက်ပြီး အရေးမပါတာတွေ လာမေးနေသဖြင့် စိတ်က သိပ်မကြည်တော့။

“ ဖုန်းမှားနေရင် ဖုန်းချလိုက်တော့ ! ”

ပြောပြီးသည်နှင့် ဖုန်းကို ချမည်အပြု

“ နေဦး ... ငါ မင်းကို မေးစရာရှိတယ် ”

“ မေးဗျာ ... ဘာမေးမလို့လဲ ... ခင်ဗျားတို့ကလည်း လူအိပ်ချိန်ကြီးကျမှ ဘာတွေလာပြောနေမှန်းမသိဘူး ”

လူက အိပ်ချင်နေတာရော စိတ်မကြည်တာရောပေါင်းကာ ဘုကလန့်ဆန်ဆန်ပင်တုံ့ပြန်မိသည်။

“ မင်းမှာ ညီရှိလား ”

“ ဘာ ! ညီဟုတ်လား ! ”

မေးစရာရှိတာ မမေးဘဲ ဝေ့လည်ကြောင်ပတ်လုပ်နေသည့်လူကြောင့် အိပ်ချင်စိတ်တို့ပင် အနည်းငယ်ပျောက်ဆုံးသွားရသည်။

“ ဟုတ်တယ် ... မင်းရဲ့ညီလေးလေ ”

“ ကျစ် ! ခင်ဗျား ဘာတွေ လာပြောနေတာလဲ ... ဝေ့လည်ကြောင်ပတ်မလုပ်ဘဲ ရှင်းရှင်းလင်းလင်းပြောလို့မရဘူးလား ”

“ အခုဖုန်းနံပါတ်ပိုင်ရှင်ကွာ ... အဲဒီကောင်လေးကို မင်း သိလား ... သူက မင်းရဲ့ညီလား ”

“ ဖုန်းနံပါတ် ? ”

ထိုလူရဲ့ပြောစကားကြောင့် လေးဆက် ဖုန်းခေါ်ဆိုသူအမည်ကို ကမန်းကတန်းကြည့်မိလိုက်တော့

“ ဈာန် ”

ယခုအခါတွင်တော့ အိပ်ချင်စိတ်တို့က တစိုးတစိမျှပင်မကျန်အောင် အလုံးစုံပျောက်ကွယ်သွားလေပြီ။

“ ဈာန် ... ဈာန့်ရဲ့ဖုန်းက ခင်ဗျားဆီ ဘယ်လိုလုပ်ရောက်နေရတာလဲ ”

“ ဒါဆို မင်း ဒီဖုန်းပိုင်ရှင်ကောင်လေးကို သိတယ်ပေါ့ ... မင်းနဲ့ ဘာတော်လဲ ”

“ ဈာန်က ကျွန်တော့်ရဲ့ ... ”

ဘာဆက်ဖြေရမယ်မှန်းမသိတော့သဖြင့် အသံက ခဏတာတိတ်ဆိတ်သွားပြီးမှ

“ ကျွန်တော့်ရဲ့ဂျူနီယာညီ‌လေးပါ ”

“ ဪ ... မင်းရဲ့ညီအရင်းမဟုတ်ဘူးပေါ့ ... ဒါဆိုလည်း ××××ရဲစခန်းကို လာခဲ့ကွာ ... ဒီဖုန်းပိုင်ရှင်ကောင်လေးက ရိုက်ပွဲဖြစ်လို့ အချုပ်ထဲ ရောက်နေတယ် ”

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now