Pt 12 (​ကျန်းယူမြို့ ပျက်စီးခြင်း) 🔞 Unicode

Start from the beginning
                                    

မိမိ မျက်စိ​​ရှေ့က ရှိရှိသမျှကို ​ချေမှုန်းချင်​နေသည့်အလား.. အညိုးကြီးစွာ ပစ်​ပေါက်​နေသည်။

​မြေပြင်တွင် အိမ်နှင့်တူ​သောအရာပင်မရှိ​တော့။
ဝိဥာည်မီးခိုးလုံးများလည်း ကုန်လုနီးပါးနှိမ်နင်းခံလိုက်ရ​တော့သည်။

ထိုစဥ်..

"ကျားးးး...ကျားးးအယ်..မလုပ်နဲ့!!"

မိန်းမတစ်​ယောက်အသံက နားစည်ကွဲထွက်လုနီးပါး ​တရစပ်​အော်​နေသည်..

NeZha ​ခေါင်းပင်ကိုက်ချင်သွားပီး ထိုအသံရှိရာကို​ဝှေ့ကြည့်လိုက်​တော့..​နောက်ဆုံးကျန်​နေ​သော ဝိဥာည်မီးခိုးလုံးကြီးသာဖြစ်သည်..

NeZha သည် အသိစိတ် ဥသုံလွတ်​နေတာမို့ ထိုအရာကို ​အသက်ကင်းမဲ့​သော အကြည့်များဖြင့်စိုက်ကြည့်​နေရင်း...ရုတ်တရက် လက်က ​လေထဲသို့ ပင့်​မြှောက်လာကာ ထိုအရာကို နှိမ်နှင်းရန် မီးစွမ်းအင်​တွေကို စုစည်းလိုက်သည်..

ထို့​နောက် ပစ်​ပေါက်​တော့မည်အပြု..

"ကျားအယ်!!!!...သား...အ​မေပါ..."

NeZha ရဲ့ လက်တို့ တုန့်ဆိုင်းသွားကာ ထိုအသံကို နား​ထောင်​နေမိ၏။

"ကျားအယ်..သား..နား​ထောင်..ဒီအရာက မိစ္ဆာမဟုတ်ဘူး..ဒီအရာက.. အ​မေတို့နဲ့ ​ကျန်တဲ့ မိစ္ဆာနှိမ်နင်း​ရေး အဖွဲ့သား​တွေအကုန်လုံးရဲ့ ဝိဥာည်​တွေ။

မင်း သူတို့ကို နှိမ်နင်းလိုက်တာနဲ့ သူတို့ရုပ်ခန္ဓါကိုယ်စီ ပြန်သွားလို့မရ​တော့ဘူး။"

NeZha သည် ​ဦး​နောက်ထဲကပင် ထိုး​အောင့်ကာ နာကျင်လာရပီး.. လက်၂ဖက်ကို ​ခေါင်း၌အုပ်ထားကာ ​အော်ဟစ်မိ၏။

"အားးးး...ဘာ​တေလာ​ပြော​နေတာလဲ.."

"ကျားးအယ်..အ​မေ​ပြောတာယုံပါ.. အဲ့ဒီမိစ္တာက.. သားကို လူသတ်​ကောင်အဖြစ် ဖန်တီးချင်​နေတာ..."

NeZha ရဲ့ အ​မေသည် တုံယင်နေ​သောအသံဖြင့် ဆိုလာ၏။

စိတ်​တွေ​ယောက်ယက်ခက်ကာ ဘာကိုမျှပင်​တွေးမရ​သော NeZha သည် ဘာစကားမှမပြန်​ပေ။ တခန ကြာတဲ့အခါ ခပ်ရဲ့ရဲ့ ရယ်သံဖြင့်..

Lover Beads (NeZha & AoBing) 🔞🔞🔞Where stories live. Discover now