အခန်း (၁၁)

Start from the beginning
                                    

ဖုန်းချပြီးတော့ စားပွဲပေါ်ပြန်တင်ထားလိုက်တော့သည်။

ဒီညစောစောအိပ်ရဦးမယ်၊ မနက်တီမြတ်တို့၊ဦးသာတို့နဲ့ ဘုရားသွားရဦးမည်လေ။

ကိုဘုန်းမပါဘူးလားဆိုတော့ မပါလို့ဘယ်ရမလဲ။

သိပ်ရှည်ရှည်ဝေးဝေး တွေးတောမနေတော့ဘဲ အိပ်ဖို့သာအာရုံစိုက်လိုက်လေသည်။

-----------------------------------------------------------------------

ဘုန်းသာလျှံ၊ သလင်းနွေ၊ ဦးသာထင်၊ ဒေါ်မြတ်သူဇာတို့လေးယောက် ဘုရားသို့ရောက်နေကြ၏။

ဒါဟာလည်း ဓလေ့ထုံးစံတစ်ခုလိုပင်ဖြစ်နေလေသည်။

ကိုဘုန်းမိဘတွေ စင်္ကါပူကပြန်လာတိုင်း ဘုရားသွားနေကျဖြစ်သည်။ နိုင်ငံခြားကပြန်ရောက်တိုင်း ဘုရားကိုသွားလိုက်ရမှာ စိတ်အေးချမ်းသွားသည်ဟု တီမြတ်ပြောနေကျစကားအတိုင်းပင်။

ဘုရားရင်ပြင်ပေါ်မှ သက်ဆိုင်ရာနေ့နံထောင်တွင် အသ်ိးသီးနေရာယူကာ ဘုရားကန်တော့နေကြလေ၏။

ဘယ်နေ့မွေးမှန်းမသိသော သလင်းနွေအတွက်ကတော့ နာမည်ရဲ့အစစာလုံးအတိုင်း သောကြာနံကိုယူထားသည်။

မွေးနေကိုတော့ ဂေဟာသို့ရောက်တဲ့နေ့ကို မွေးနေ့အဖြစ်သတ်မှတ်ပေးထားလေရဲ့။

မိဘမဲ့ဂေဟာတွေရဲ့ထုံးဟံအတိုင်း ဂေဟာကိုစရောက်တဲ့နေ့က ထိုကလေးရဲ့မွေးနေဟု သတ်မှတ်ကြသည်မဟုတ်လား။

တစ်ချို့မိဘရှိရဲ့နဲ့ မစောင့်ရှောက်နိုင်လို့ လာပို့သွားတဲ့ကလေးတစ်ချို့မှာတော့ နာမည်နှင့်မွေးနေ့သက္ကရာဇ်ကို စာရွက်လေးနဲ့ရေးပြီးထည့်ပေးတတ်ကြသည်။

သူ မိဘမဲ့ဂေဟာ ရောက်တုန်းကအနှီးထုတ်လေးထဲမှာ ဆွဲကြိုးလေးတစ်ကုံးပါလာ၏။

စောင့်ရှောက်မပေးနိုင်ဘဲ မွေးပြီးစွန့်ပစ်သွားသော မိဘတွေကို စိတ်လည်းမဆိုး၊ စိတ်လည်းမနာပါ။

လူ့လောကထဲရောက်အောင် မွေးထုတ်ပေးခဲ့တာကိုပင် ကျေးဇူးကြီးလှပေသည်လေ။

ဘာအကြောင်းကြောင့် ဘယ်လိုပဲလုပ်ခဲ့လုပ်ခဲ့ မိဘကမိဘပဲလေ။ ဒီလိုလုပ်ရတဲ့အကြောင်းအရင်း မဟုတ်ရင်တောင် ဖြေရှင်းချက်တော့ရှိလိမ့်မည်။

ချစ်သူ့ရင်ခွင်ထက်ဝယ် (မောင့်ချစ်သူ) [ Complete ] Where stories live. Discover now