အပိုင်း ( ၃၀ ) ( Unicode )

Start from the beginning
                                    

“ အစ်မတို့က ကြိုဘိုကင်တင်ထားသေးလား ဒါမှမဟုတ် ဒီတိုင်းလာတာလားရှင့် ”

“ ကြိုဘိုကင်တင်ထားတာ ညီမလေး ”

“ ဟုတ်ကဲ့ပါရှင့် ... ဒါဆို ကဒ်လေး ... ”

ဥဥက သူ့ပိုက်ဆံအိတ်ထဲကနေ အနက်ရောင်ကဒ်ပြားလေး တစ်ခုကို ထုတ်ကာ လှမ်းပေးလိုက်တော့ ဝန်ထမ်းလေးက ထိုကဒ်ကို ယူကာ စာရင်းနှင့် တိုက်စစ်ပြီးနောက်

“ စားပွဲဝိုင်းနံပါတ် ၁၇ပါ အစ်မ ”

“ ကျေးဇူးပဲ ညီမလေး ”

ဝန်ထမ်းလေး ပြန်ပေးလာသည့် ထိုကဒ်ပြားကို ဥဥက သူ့အိတ်ထဲမှာ သေချာပြန်ထည့်ထားလိုက်ရင်း

“ ဒါက ငါ သဘောကျတဲ့ ကလပ်‌လေ ... အထဲမှာ အရမ်းမိုက်တယ် ... လာ ... လာ ... ဝင်ကြရအောင် ”

ဥဥက လေးဆက်လက်ကို ဆွဲကာ နောက်ထပ်မှန်တံခါးတစ်ခုကို တွန်းဝင်သွားသည်။ မေမြတ်ကလည်း ပြုံးဖြီးဖြီးမျက်နှာပေးဖြင့် နောက်ကနေ လိုက်ဝင်လာသည်။

အထဲသို့ ရောက်ရောက်ချင်းမြင်လိုက်ရသည်က အပြင်လောကနှင့် မသက်ဆိုင်သည့်နေရာတစ်ခုကိုပင်။ အပြင်ဘက်မှာ တိတ်ဆိတ်နေသမျှ အထဲဘက်မှာတော့ ဆူးညံမှုတွေကသာ ကြီးစိုးထားသည်။

စတိတ်စင်မြင့်ထက်က မြူးကြွလှသည့် DJ သံတွေနဲ့အတူ ယိမ်းနွဲ့ကခုန်နေကြသည့် လူတွေ၊ ပျားပန်းခပ်သလို အဆက်မပြတ်သွားလာလှုပ်ရှားနေကြသည့်ဝန်ထမ်းတွေနှင့် စည်ကားသိုက်မြိုက်လွန်းလှသည်။

အထူးသဖြင့် နေရာအနှံ့မှာ နမ်းရှိုက်နေကြသည့်လူ‌တွေ။ ထိုဖြစ်ရပ်တွေကို ဒီနေရာမှာ ရှိသည့်လူတိုင်းက သာမန်လုပ်ရိုးလုပ်စဉ်ကိစ္စတစ်ခုကဲ့သို့သာ သဘောထားကြပုံပေါ်သည်။

၎င်းအဆောက်အဦးကြီးက ကိုလိုနီခေတ်ကပုံစံအတိုင်း ဆောက်လုပ်ထားခြင်းဖြစ်သည်။ နံရံတွေ၊ ပန်းချီကားတွေ၊ မီးဆိုင်းတွေ စသဖြင့် အရာအားလုံးနီးပါးကို ကိုလိုနီခေတ်ကလို ခံစားမှုမျိုးရစေသည်။

ခန့်မှန်းလိုက်ရုံမျှဖြင့် ဒီနေရာတွင် ရှိမည့်အရာရာတိုင်းက ဈေးကြီးမည်မှာ သေချာပေါက်ပင်။

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now