အပိုင်း ( ၂၉ ) ( Zawgyi )

Start from the beginning
                                    

“ မင်းပြောတဲ့ မနက်ဖြန်က ဘယ်မနက်ဖြန်လဲ လေးဆက် ... မနက်ဖြန် မနက်ဖြန်ဆိုပြီး မင်း အချိန်ဆွဲလာတာ တစ်ပတ်ရှိသွားပြီ ... တီချယ်ကို မင်း အားမနာဘူးလား ”

“ ငါ ... ”

“ ဘာ‌လို့ထစ်အထစ်အဖြစ်နေတာလဲ ... ငါ မင်းအကြောင်း မသိဘူးမှတ်နေလား လေးဆက် ... မင်း ဟိုကောင်လေးနဲ့ တွေ့ရမှာကြောက်ပြီး လိပ်လိုပုန်းနေတာကိုလေ ”

“ ငါ ... ငါ မပုန်းပါဘူး ”

“ အေး ... အေး ... လိမ်နေလိုက် ... ငါက ဘာမှမသိဘူးဆိုတော့လေ ”

“ မြတ်သူ မင်းကလည်း ... ”

“ ဘာမှထပ်ပြောမနေနဲ့တော့ ... ထ ... သွားမယ် ”

လက်မောင်းရင်းကနေ ဆွဲထူလာသူကြောင့် လေးဆက်လည်း ဘာမှဆက်ပြောမနေတော့ဘဲ မြတ်သူ ခေါ်ရာနောက်သို့ အသာတကြည်လိုက်ခဲ့ရလေသည်။

အမှန်တော့ မြတ်သူ ပြောသွားသည်မှာလည်း မမှားပေ။ ကျောင်းတက်တာ သုံးပတ်နီးပါးရှိပြီဖြစ်သော်လည်း ယခုအချိန်ထိ သူ ဈာန်နှင့် မတွေ့‌ရသေးပေ။

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်လို နေရာကျဉ်းကျဉ်းလေးမှာ တစ်ချိန်မဟုတ် တစ်ချိန်တွေ့ရမည်ဆိုသော်ငြား အခုထိ သူ ဈာန့်ကို မတွေ့ရဲသေး။ တွေ့ဖို့ သတ္တိမရှိသေး။

ဆင်ဖြူ့မျက်နှာ ဆင်မဲမကြည်ဝံ့ဟုပြောရမလား။ ဒါမှမဟုတ် တွေ့ဖို့ယုံကြည်ချက်မရှိသေးတာလို့ ပြောရမလား။ ဘယ်လိုပဲပြောပြော သေချာတာတစ်ခုက ဈာန်နဲ့ထိပ်တိုက်တွေ့ဖို့ သူ့မှာ ခွန်အားရှိမနေခြင်းပင်ဖြစ်သည်။

ဖေ့ဘုတ်စာမျက်နှာပေါ်ကနေ ဈာန့်အကြောင်း အမြဲတစေလေ့လာဖြစ်နေသောကြောင့် ဈာန့်၏ပြောင်းလဲမှုများကို သူ ကောင်းကောင်းကြီးသိနေသည်။ ကောင်းသောပြောင်းလဲခြင်းမျိုးမဟုတ်သည့်အတွက် ဈာန့်ကို ဆူပူချင်မိသော်ငြား သူ့မှာအခွင့်အရေး နည်းနည်းလေးမှမရှိပေ။

အခန်းထဲက ထွက်ထွက်ချင်း မှောင်ရိပ်သန်းချင်နေသည့်ပတ်ဝန်းကျင်ကြောင့် သူရော မြတ်သူရော အကြည့်ချင်းဆုံသွားကြသည်။ လက်ချည်းဗလာသက်သက်ထွက်လာကြသည်မို့ နှစ်ဦးစလုံးမှာ ထီးမပါလာကြပေ။

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now