Pt 11 🔞 (ချီခွမ်းချင်း ပျက်ပြယ်ခဲ့ပီ)Unicode

Start from the beginning
                                    

မိမိချစ်တဲ့သူကိုမှ မိမိကိုယ်တိုင် အကြိမ်ကြိမ်နာကျင်​စေခဲ့သလား.. ကိုယ့်ကိုကိုယ်အပြစ်တင်​နေမိပြန်၏။

ထို့စဥ်..​ လက်တစုံက NeZha ကို​ပွေ့ဖက်လိုက်သည်ကို ခံစားလိုက်ရသည်။

ထို့​နောက် ညိုးငယ်​နေ​သော NeZhaရဲ့မျက်နှာ​​လေးကို လက်ဖြင့် ညင်သာစွာ ပင့်မလိုက်ကာ ​နွေး​ထွေး​သောအနမ်းတစ်ပွင့်​ချွေပီး နှစ်သိမ့်​ပေးလိုက်​တော့သည်။
.
.
.
မိုး​သောက်ယံ ​နေ​ရောင်ခြည်ပျိုးစ​အချိန်သို့​ရောက်လာခဲ့သည်..

ညက အတန်ငယ်ကြမ်းထားတာ​ကြောင့် Ao Bing လမ်းဆက်​​လျှောက်ဖို့ခဲရင်းသဖြင့် အနီးနားရှီ ပုခက်သဏ္ဌာန် ယှက်နွယ်​နေ​သော နွယ်ကြိုးများကို အိပ်ယာအဖြင့် အသုံးချပီး အိပ်စက်ခဲ့ကြသည်..

သို့​သော် NeZha မှာမူ တစ်ညလုံး Ao Bing အား​​ပွေ့ဖက်ထားခဲ့ပုံရသည်..

တညလုံး​တောအုပ်ထဲတွင်သာ အိပ်ခဲ့ရတာ​ကြောင့် အ​အေးမိမှာစိုးရိမ်၍ မိမိဝတ်ရုံကို Ao Bing အားခြုံလွှမ်း​ပေးထားကာ ကိုယ်လုံး​သေး​သေး​လေးကို မိမိလက်တစ်ဖက်ဖြင့် ရင်ခွင်ထဲသို့ ​ဆွဲ​ပွေ့ထားသည်ဟန်..မျက်နှာကလည်း Ao Bing ဘက်သို့ ငဲ့ကျ​နေပီး နှဖူး​လေးအား ခပ်ခပ်ဖွဖွ အနမ်း​ပေး​နေသ​ယောင်ဖြစ်​နေသည်..

Ao Bing တလှုပ်လှုပ်ဖြင့် နှိုးလာ​တော့ NeZha လည်း မျက်လုံးပွင့်လာပီး မိမိရင်ခွင်ထဲမှာ ​ခွေ​ကွေး​နေတဲ့​ကောင်​လေးအား ကြည့်ရင်း ဆိုလိုက်သည်။

"နိုးပီလား.."

အိပ်ချင်မူးတူးဖြင့် ​မှေးစင်း​နေ​သောမျက်လုံး​လေး​​တွေနဲ့ လူကို အသည်းယား​အောင်လုပ်​နေပြန်ပီ။ Ao Bing ရဲ့ ဆံနွယ်ဦးဖျား​လေးကို အနမ်း​ချွေလိုက်​တော့ ရင်ခွင်ထဲက​ကောင်​လေးက မျက်လုံး​လေးပိုကြည်သွားသ​ယောင် ပြန်​ဖြေ၏။

"အွန်းး...မိုး​တောင်လင်းပီလား.. ငါတို့ ခရီးတက်ကြမယ်​လေ"

​ပြော​ပြောနှင့် Ao Bing သည် ပုခက်​ပေါ်က အဆင်း ​ခြေ​ထောက်သို့ ယိုင်ကျကာ "ဘုတ်ကနဲ" ​ခွေ​​ခွေ​လေး ထိုင်လျက် လဲကျ​တော့သည်..

မိမိကိုယ်ကို မယုံနိုင်ဖြစ်​နေသ​ယောင် မျက်လုံး​လေးတို့ ဝိုင်းစက်လျက် ကပိုကရိုဖြစ်​သော ဆံပင်တို့နှင့် ခနငြိမ်သက်​နေကာ..

Lover Beads (NeZha & AoBing) 🔞🔞🔞Where stories live. Discover now