Trap For You Only (53) ( Zawgyi )

Start from the beginning
                                    

“ မင်း ပြောစရာရှိတာ မြန်မြန်ပြောစမ်း လျှာရှည်ပြီး ငိုချင်းချမနေနဲ့ နားညည်းတယ် ”

“ ရွှတ် ~~ ဟုတ်ကဲ့ ဆရာ လွန်ခဲ့တဲ့သုံးရက်က Mr.John က email ပို့ထားပါတယ် ဆရာနဲ့ ဘယ်လိုမှ ဆက်သွယ်လို့မရလို့ဆိုပြီး ကျွန်တော့်ဆီ ဆက်သွယ်လာတာပါ ”

“ Mr.John လား အေး ဘာကိစ္စလဲ ”

“ ဆရာ ! ဆရာ တကယ်အတိတ်မေ့နေတာလား ”

“ ဘာကိုလဲ ရှင်းရှင်းပြောကွာ ”

“ မနက်ဖြန်ညကျရင် စင်ကာပူမှာ လေလံပွဲရှိတယ်လေ ဆရာ ... ဆရာ တကယ်ကြီး မေ့နေတာလား ”

“ ဟိတ်ကောင် ! အရေးကြီးတဲ့ကိစ္စကို ငါ မေ့စရာလားကွ ! အဲဒီလေလံပွဲက သဘက်ခါမှ မဟုတ်ဘူးလား ”

“ အစကတော့ ဟုတ်တယ် ... ဒါပေမဲ့ အချိန်ပြောင်းလိုက်တာ အဲဒီအကြောင်းကို Mr.John က ဆရာ့ကို လွန်ခဲ့တဲ့တစ်‌ပတ်ကတည်းက email ပို့ထားတာလေ ... ဆရာ့ဘာသာ ဟန်းနီးမွန်းလွန်နေပြီတော့ ”

သူရိန့်စကားကြောင့် လင်းရောင်ရှိန် email ကို အလျင်အမြန်ဖွင့်ကြည့်လိုက်တော့ သူရိန်ပြောသွားသည်မှာ လုံးဝကို မှန်ကန်နေသည်။ အမှတ်တမဲ့နေမိသည့် ကိုယ့်ကိုယ်ကိုသာ လင်းရောင်ရှိန် အပြစ်တင်လိုက်ရင်း

“ အေး ... ဒါဆို ငါ အခုချက်ချင်း ရန်ကုန်ကို ပြန်ဆင်းလာခဲ့မယ် ... မင်း flight ဝယ်ထားပြီးပြီလား ”

“ အကုန် အဆင်သင့်ပဲ ဆရာ ”

“ ဟုတ်ပြီ ... ဒါဆို မနက်ကျရင် တွေ့မယ် ”

ဖုန်းပြောပြီးသည်နှင့် လင်းရောင်ရှိန် သက်ပြင်းမောကြီး ချလိုက်မိသည်။

ဘာလိုလိုနဲ့ တစ်လကျော်တောင် ကြာသွားခဲ့ပြီလား ~~~

ဟန်းနီးမွန်းကာလမှာ ငယ်လေးနဲ့ လွတ်လွတ်လပ်လပ်ချစ်ရည်လူးချင်သဖြင့် အလုပ်ကိစ္စနှင့်ဆိုင်သမျှ ဘာတစ်ခုကိုမှ လှည့်မကြည့်ခဲ့မိတာ။ အခုကျမှ ခေါင်းပေါ် ဝန်ထုတ်ဝန်ပိုးကြီးပြန်ရောက်လာသလိုပင်။

အခန်းထဲ ဝင်လိုက်ကာ ရှိသမျှ မီးတွေ ဖွင့်လိုက်တော့ အခန်းတစ်ခုလုံး လင်းထိန်သွားသည်။

စောင်ပုံထဲမှာ ကွေးကွေးလေးအိပ်နေသည့်ငယ့်ကို ‌မြင်လိုက်ရတော့ စိတ်ချမ်းမြေ့ရသည်။ ဒီကလေးလေးက တကယ့်ကို ဆုလာဘ်လေးပဲ။

𝐓𝐫𝐚𝐩 𝐅𝐨𝐫 𝐘𝐨𝐮 𝐎𝐧𝐥𝐲 🚨🔞 [ ခတ်ေတရပျနား ]Where stories live. Discover now