ရှီးနဉ် တော်တော့်ကိုနာကျင်သွားမိ၏။

ရှီးချန်က သူမကို ပွေ့ဖက်ထားလိုက်ပြီး တုန်လှုပ်စွာမေးလိုက်သည်။

“အဆင်ပြေရဲ့လား?”

သူမက သူမရဲ့ခေါင်းကို ခါပြလိုက်သည်။

“ငါမင်းကိုပြောထားတယ်လေ ဒီနားကနေ ဝေးဝေးနေ နေပါလို့ဆိုနေ မင်းက ဒီနား  ဘာရပ်လုပ်နေတာလဲ?”

သူကနေ  ဆူပူကြိမ်းမောင်းလာသည်။

ရှီးနဉ် သူမရဲ့ဒဏ်ရာကို ကြည့်လိုက်ပြီး သူ့ရဲ့အေးစက်စက်နိုင်တဲ့စကားများကိုလျစ်လျူရှုထားလိုက်တယ်။

သူ့မှာ သူမအတွက် ခံစားချက်ကင်းမဲ့နေတဲ့အမူအရာရှိနေရင်တောင် သူက အစ်ကိုကောင်းတစ်ယောက်ပဲလေ။ သူမက သူ့ကို ဖုန်းခေါ်လိုက်တာနဲ့ သူမကို ကယ်ဖို့ တစ်ယောက်ထဲ ရောက်ချလာတာကိုပဲကြည့်?

ရှီးနဉ်က အနည်းငယ်ကျီစယ်ကာ ပြုံးပြလိုက်သည်။

“ညီမလေးက ကိုကို့ ကိုကာကွယ်ပေးရမှာပေါ့”

ရှီးချန်ရဲ့ မျက်နှာအမူအရာက တော်တော်ကို မည်းပျက်နေ၏။

သူ့ကို အကာအကွယ်ပေးလိုက်လို့ သူမရဲ့ပခုံးကို ပြင်းထန်စွာ အရိုက်ခံလိုက်ရတာမလား။

ဒါ့ကြောင့်  သူက ပိုပြီး ပြင်းထန်စွာ စပြီးတိုက်ခိုက်တော့တယ်။ နန်ရှောင်းကပါ ခပ်မြန်မြန်ပူးပေါင်းလိုက်ပြီးနောက် လူဆယ်ယောက်ကျော်ကို ခပ်မြန်မြန်ပဲ ရှင်းထုတ်ပစ်လိုက်တော့သည်။

တိုက်ခိုက်တာ ပြီးသွားတဲ့နောက် နန်ရှောင်းက ဓားတစ်ချောင်း ကောက်ကိုင်လိုက်ပြီး ကျင့်စစ်းဟန့် ကြိုးတုပ်ခံထားရတာကို ဖြတ်ပေးလိုက်တယ်။

“ရှောင်းကော ချန်ကော ခုနက တိုက်ခိုက်နေတဲ့အချိန်ဆို ကော တို့နှစ်ယောက်စလုံးက အတော်လေးကြည့်ကောင်းတာပဲ ကျွန်တော့်ကိုလဲ ဘယ်လိုတိုက်ခိုက်ရမလဲ သင်ပေးပါ! ကျွန်တော်လဲ အချိန်တိုင်း ထိုင်ကြည့်မနေချင်တော့ဘူး”ဆိုပြီး ကျင့်စစ်းဟန့်က အမှန်တကယ်ကို စိတ်လှုပ်ရှားစွာပြောလိုက်သည်။

“ရန်ဖြစ်တာက ကလေးတွေအတွက် မဟုတ်ဘူး”

နန်ရှောင်းက ပြောလာသည်။

Mary Sue ဇာတ်ကောင်အဖြစ်သို့ကူးပြောင်းလာခြင်း || COMPLETED ||Where stories live. Discover now