သို့သော်လည်းပဲ သူ့ခင်မျာ သူ့ ရှောင်းကော လိုမျိုး စွမ်းရည်မရှိတာကြောင့် အချိန်အကြာကြီး ကြိုးဖြည်ဖို့လုပ်သော်ငြားလည်း ကြိုးကနဂိုအတိုင်းတင်းတင်းကြပ်ကြပ်သာချည်ထားခံရသည်။

Broom broom broom *ဆိုင်ကယ်လီဗာပုတ်တဲ့အသံ*

ဆိုင်ကယ် အင်ဂျင်သံနှင့်အတူ သူတို့‌ရှေ့ နဲ့ မနီးမဝေးမှာ BMW HP4 ပြိုင်ဘီးအမျိုးအစားဖြစ်တဲ့မော်တော်ဆိုင်ကယ်က ရပ်လိုက်သည်။

ရှီးချန်က ဆိုင်ကယ်ပေါ်ကနေ မဆင်းခင် သူ့ခေါင်းက helmet ကိုချွတ်လိုက်သည်။

လူတိုင်းက ရန်ဖြစ်ရမဲ့အစား မေ့ပြီးဆိုင်ကယ်ကိုစေ့စေ့စိုက်ကြည့်နေကြတယ်။

“Shit သူ့ရဲ့ဆိုင်ကယ်ကြီးက အလန်းစားကြီးဟ!”

“မင်း ဒီဆိုင်ကယ်ကို ဘယ်ကဝယ်တာလဲ အဲ့တာက စောက်ရမ်းမိုက်တယ်ကွာ”

ကျင့်စစ်းဟန့်က နှာခေါင်းရှုံ့လိုက်ပြီး “ငါတို့ရှီးချန်ကောရဲ့ဆိုင်ကယ်က 1 millionလောက် ရှိတယ် အစီးရေ အနည်းငယ်လောက်ပဲ အကန့်အသတ်နဲ့ထုတ်ထားတာမို့လို့ လူအယောက်တစ်ရာပဲ ဒီဆိုင်ကယ်ကို ဝယ်နိုင်တာ မင်းလိုချင်တော့ရော ဝယ်နိုင်မှာမို့လို့လား?”

ချူယင်းကျယ် ရှီးချန်ကို လက်ညှိုးလိုက်ပြီးပြောလေသည် “သူဘယ်သူလဲဆိုတာ မင်းသိလား?”

ကျင့်စစ်းဟန့် :“ဟျောင့်ရေ ရှီးချန်ဆိုတာကို မင်း မကြားဖူးဘူးလို့တော့ မပြောနဲ့နော်?သူ့ကိုတော့ သွားမနှောက်သင့်ဘူး”

ဒါပေါ့ ရှီးချန်ဆိုတဲ့နာမည်ကို သူတို့ကြားဖူးတာပေါ့

နန်ရှောင်းနဲ့ ချူယင်းကျယ်က အလယ်တန်းကျောင်းသားဘဝမှာတည်းက အထက်တန်းစီနီယာနှစ်ရဲ့ ရှီးချန်ဆိုတဲ့ နာမည်က လူတိုင်းကြောက်လန့်ကြသည်အထိ အတော်လေး နာမည်ကြီးတယ်ဆိုတာကို သိပြီးသားပင်ဖြစ်သည်။

ဘယ်သူကမှ သူ့ကို ရန်သွားမစရဲကြဘူး။

နန်ရှောင်း အထက်တန်းကျောင်းကိုရောက်တော့ ရှီးချန်က အထက်တန်း တတိယနှစ်ဖြစ်ကာ စာဘက်ကိုပဲ ခြေဦးလှည့်သွားတာမလို့ ယန်းချန်ရဲ့ ကျောင်းလူဆိုးရာထူးကို နန်ရှောင်းက ရခဲ့သည်။

Mary Sue ဇာတ်ကောင်အဖြစ်သို့ကူးပြောင်းလာခြင်း || COMPLETED ||Where stories live. Discover now