ရှီးချန်က အရှေ့ကို လှမ်းကြည့်လိုက်ပြီး ရန်ပွဲတစ်ခုဖြစ်နေတာကို မြင်လိုက်ရသည်။  လူတစ်ယောက်နဲ့ လူအုပ်လိုက်ကြီး ရန်ဖြစ်နေကြတာ သေချာပေါက်ပင်ဖြစ်သည်။

ရှီးချန်က သူမကိုပြောလိုက်သည်။
“မင်းက ဒီနားလေးမှာပဲနေပြီး တစ်လှမ်းမှမရွေ့နဲ့ ငါသူ့ကို သွားကယ်ပေးမယ်”

ရှီးနဥ်က သူ့လက်ကို ဆွဲကိုင်လိုက်ပြီး အနည်းငယ်စိုးရိမ်စွာပြောလေသည်။

“ကိုကိုက ဘာလို့ဒီကိုတစ်ယောက်တည်းလာတာတုန်း?”

သူ့ဆီဖုန်းခေါ်တုန်းက သူတို့အုပ်စုထဲက လူတွေအများကြီးခေါ်လာခဲ့ဖို့ သူ ဒီလောက် သေသေချာချာ ရှင်းရှင်းလင်းလင်းပြောထားရဲ့သားနဲ့

“….”

ရှီးချန်က သူမကိုအဲ့အကြောင်းကို မပြောပြချင်ဘူး။ ရှီးနဥ်က သူတစ်ခုခုဖြစ်နေတယ်လို့ ပြောတာ ကြားကြားချင်း သူ့ဆိုင်ကယ်ပေါ်တက်ခွပြီး  အမြန်ဒုန်းဆိုင်း ထွက်လာရတာမို့လို့ နောက်ထပ်လူတွေ ထပ်ခေါ်ဖို့အချိန်ကို သူ့မှာမရှိခဲ့ဘူး။

“ငါတစ်ယောက်တည်းနဲ့လည်း လုံလောက်ပါတယ်”

ဒီလိုပြောပြီးနောက် ရှီးချန်က ဆိုင်ကယ်ကိုမောင်းထွက်လိုက်သည်။

တခြားအုပ်စုမှာက လက်နက်တွေကိုင်ထားကြတဲ့လူတွေက တစ်ဒါဇင်လောက်ရှိသည်။ နန်ရှောင်းက အစပိုင်းမှာ အဲ့ကလူတွေကို ခုခံနိုင်ပြီး လူအများကြီးကို ထိုးနှက်နိုင်သေးသည်။

သူ သူတို့ကို ချနေတုန်း သတိမထားမိလိုက်တဲ့အချိန်မှာ ဓားကိုင်ထားတဲ့ လူတစ်ယောက်ကနေ သူ့လက်မောင်း တိုက်ခိုက်ခံလိုက်ရသည်။ နန်ရှောင်းဒဏ်ရာရပြီး နောက်မှာတော့ သေချာပေါက်တိုက်ခိုက်နိုင်စွမ်းလျော့ကျသွားသည်။  တခြားအုပ်စုက သူ့ရဲ့အခြေအနေမဟန်တော့တာကို မြင်လိုက်ရပြီးနောက် သူ့အား အရူးတွေအတိုင်း အတင်းဝိုင်းရိုက်သည်။

“ချီးပဲ ချူယင်းကျယ် မင်းယောကျာ်းမဟုတ်ဘူးလား အချိန်တိုင်းအကျင့်ယုတ်နေတာ အစွမ်းအစလည်းမရှိဘူး” ကျင့်စစ်းဟန့်က သူ့ကိုကြည့်လိုက်ပြီး အပြင်းအထန်ကို ရုန်းတော့သည်

Mary Sue ဇာတ်ကောင်အဖြစ်သို့ကူးပြောင်းလာခြင်း || COMPLETED ||Where stories live. Discover now