အခန်း (၉)

Começar do início
                                    

အိမ်အကူအဒေါ်ကြီးကလည်း သူ့ယောက်ျားဘက်ကအမျိုးတွေအလည်လာ၍ ၃ရက်အတိခွင့်ယူထားသည်။

"တီးတောင်...တီးတောင်''

အိမ်အောက်ထပ် တံခါးဆီမှ လူခေါ်ဘဲလ်သံကြားသော်လည်း ဘုန်းသာလျှံထမကြည့်နိုင်။ခြံတံခါးဖွင့်ပြီး အ်ိမ်ရှေ့ထိရောက်လာနိုင်သူက ဘုန်းသာလျှံအပါအဝင် ၂ဦးသာရှိလေသည်။

သလင်းနှင့်အိမ်အကူအဒေါ်ကြီးတို့ကိုသာ ခြံသော့၊အိမ်သော့အပိုပေးထားမိသည်။အခု အိမ်အကူဒေါ်ကြီးမလာတော့ သေချာပေါက်သလင်းပင်။

လက်အကြောကပ်အောင်နှိပ်နေသည့်ဘဲလ်သာအသံဝင်သွားနိုင်သည်။ အိမ်ကြီးရှင် ဘုန်းသာလျှံကအရိပ်အယောင်ပြဖို့နေနေသာသာ အသံပင်မကြားရ၍ သလင်းအိမ်သော့ဖွင့်ကာ အပေါ်ထပ်ထိတက်လာလိုက်သည်။

'ဒေါက်...ဒေါက်'

တံခါးနှစ်ချက်ခေါက်ပြီး သလင်းအထဲဝင်ခဲ့လိုက်သည်။

နဖူးပြင်တစ်ခုလုံးချွေးဆို့နေသည့် စောင်ပုံအောက်ကဘုန်းသာလျှံ။

"ကိုဘုန်း...၊နေမကောင်းဘူးလား''

မေးရင်း ဘုန်းသာလျှံနားကပ်ကာ နဖူးလေးကိုစမ်းလိုက်သည်။

နဖူးမှအပူတို့က သူ့လက်ကိုပင်ကူးလာတာကြောင့် သလင်းစိတ်ပူသွားသည်။ချက်ချင်းပဲ ဘုန်းသာလျှံရဲ့မိသားစုဆရာဝန်ကို ဖုန်းခေါ်ကာအကျိုးအကြောင်းပြောပြလိုက်သည်။

ဆရာဝန်ရောက်မလာခင် ရေပတ်တိုက်ပေးရန်အတွက် ရေပူရေအေးစပ်ပြီး ဘုန်းသာလျှံအနားတိုးလာလိုက်သည်။

ဘုန်းသာလျှံလည်းနိုးနေပြီဖြစ်၍ သလင်းအကူအညီဖြင့် ကုတင်ကိုမှီကာထိုင်လိုက်သည်။

"ကိုဘုန်း ရေပတ်တိုက်ပေးမလို့''

"အင်း''

"အင်္ကျီချွတ်လိုက်လေ...''

သလင်းရဲ့စကားကို ဘုန်းသာလျှံက ခေါင်းခါရုံမျှတုံ့ပြန်လိုက်သည်။

သလင်းနားလည်လိုက်ပါသည်၊ကိုဘုန်းအားမရှိသလိုဖြစ်နေသည်ဆိုတာ။

သွယ်လျပြီးရှည်လျားသော သလင်းရဲ့လက်ချောင်းလေးတွေက ဘုန်းသာလျှံရဲ့ညဝတ်အင်္ကျီမှ ကြယ်သီးများပေါ် နေရာယူလိုက်သည်။

ချစ်သူ့ရင်ခွင်ထက်ဝယ် (မောင့်ချစ်သူ) [ Complete ] Onde histórias criam vida. Descubra agora