အခန်း (၉)

Start from the beginning
                                    

"မင်းရဲ့ဘော့စ် ဒီနေ့အလုပ်မလာဘူးလား''

"အဲ့ဒါက မနက်ကဖုန်းဆက်တယ်ဘော့စ်က၊ ဒီနေ့သူနားမယ်တဲ့၊ အလုပ်ကိစ္စတွေကို မနက်ဖြန်အထိရွေ့ထားဖို့လည်း ပြောတယ်''

"အင်း ငါဖုန်းဆက်တော့မကိုင်ဘူးလေ၊ အဲ့ဒါကြောင့်ဘာများဖြစ်နေလဲလို့''

သလင်းက တွေးတွေးဆဆပြောလိုက်သည့်အတွက်
နေ့သစ်ကတစ်ခုခုကိုစဥ်းစားနေဟန်ပြုပြီး

"မနက်ကဘော့စ်ဖုန်းဆက်တော့ အသံသိပ်မကောင်းဘူးဗျ''

သလင်း စိတ်ပူသွားသည်မှာအမှန်။

ကိုယ်နဲ့၆နှစ်ကျော်အလုပ်အတူလုပ်ခဲ့တဲ့ ကိုယ့်ရဲ့အလုပ်ရှင်ပဲမဟုတ်ပါလား။

"မင်းကတော့ ဒါကိုမနက်ကတည်းက မပြောဘဲနဲ့၊ကဲ ရပြီ အခုသွားတော့....''

နေ့သစ်ကို အလိုမကျစွာပြောလိုက်သည်။

ခပ်အေးအေးနေတတ်သည့် နေ့သစ်ကတော့ အခန်းထဲကထွက်သွားလေရဲ့။

အလုပ်စားပွဲတွင်ဆက်မထိုင်နိုင်တော့သည့် သလင်း။

ဖုန်းကိုကောက်ယူလိုက်ပြီး ချက်ချင်းပဲ ဘုန်းသာလျှံဆီသို့ထွက်လာခဲ့သည်။

-----------------------------------------------------------------------

အိမ်မက်ကောင်းမက်နေတုန်း လာဖောက်သည့်သကောင့်သားကြောင့် ဘုန်းသာလျှံမကျေမနပ်ဖြစ်ကာနိုးလာရသည်။

ညကအိမ်မက်အတိုင်းဆို သူနှင့်သလင်းသည် အကြင်လင်လင် ဘဝသို့ရောက်ခါနီးနေလေပြီ။

သကောင့်သားသာဝင်မရှုပ်ခဲ့ရင် အိမ်မက်လေးကစိုပြေနေမှာအမှန်ပင်။

ဦးခေါင်းတစ်ခုလုံးကျိန်းနေအောင် ကိုက်ခဲနေသည့်ဝေဒနာကို အံတုကာနိုးထလာခဲ့သည်။ကုတင်ဘေးက စာကြည့်စားပွဲပေါ်မှ နာရီလေးက၈နာရီသို့ခရီးနှင်လျက်။

ကိုက်ခဲနေသည့်ဦးခေါင်းနှင့်နာကျင်နေသောကြွက်သားတွေကြောင့် နေမကောင်းဖြစ်နေပြီဆိုတာ ဘုန်းသာလျှံအတပ်သိလိုက်သည်။

မလှုပ်နိုင်သည့်ကြားထဲက အားကိုညှစ်ထုတ်လိုက်ပြီး သူ့ဖုန်းကိုယူကာ အတွင်းရေးမှူးနေ့သစ်ဆီသို့ ရုံးမတတ်ဖြစ်ကြောင်းပြောပြီး ပြန်အိပ်နေလိုက်သည်။

ချစ်သူ့ရင်ခွင်ထက်ဝယ် (မောင့်ချစ်သူ) [ Complete ] Where stories live. Discover now