"အင်း..ဒီတစ်ခေါက်တစ်ဖက်က အဖိုးကြီးက
အတော်ကိုလက်ပေါက်ကပ်တာတော့ အမှန်ဘဲ။
ဒီတစ်ခေါက် Project အတွက်အရေးပါတဲ့
မြေနေရာသာမဟုတ်ဘူးဆို ဒီလောက်ထိ..
စိတ်ဒုက္ခခံနေစရာကိုမလိုဘူး.. ဟမ့်..!..။
မြို့ပြင်ဘက်လမ်းကကြမ်းတယ်။ ဒီနေ့ရုံးစောစော
ဆင်းပြီးပြန်နားလိုက်တော့ မိုးဝေ.."

"ဟုတ်ကဲ့ Boss "

မိုးဝေက သူ၏ရွှေကိုင်းမျက်မှန်လေးကိုတစ်ချက်
ပင့်တင်ရင်း ဦးထက်နောင်ကိုအရိုအသေပြုကာ
ပြန်ထွက်သွားသည်။

"ထက်နောင် အဲ့ဒါမင်းရဲ့ ဇနီးချောလေးမလား.."

ဒါရိုက်တာဦးမြင့်မောင်၏ ရုတ်တရက်အပြောကြောင့်
ဦးထက်နောင်အအေးသီးသွားသလို အခန်းဝသို့
ရောက်လာနီးနေပြီဖြစ်သော မိုးဝေသည်လည်း..
မှောက်ရက်လဲမတတ်ဖြစ်သွားရသည်။ နှစ်ယောက်လုံး
ဒါရိုက်တာဦးမြင့်မောင်ကို မျက်လုံးပြူးကြီးများဖြင့်..
ကြည့်လိုက်မိကြသည်။

အခန်းအခြေအနေမှာ ရုတ်တရက်တိတ်သွား
သောကြောင့် ဒါရိုက်တာဦးမြင့်မောင်ပင်
ကြောင်တောင်တောင်လေးဖြစ်သွားရသည်။
ဘေးကသူငယ်ချင်းဖြစ်သူနှင့် သူ၏အတွင်းရေးမှူး
ကတော့ သူတို့ခေါင်းပေါ်မှကျီးကန်းဖြတ်ပျံသွားသလို
အမူအရာဖြင့် ဒါရိုက်တာဦးမြင့်မောင်ကိုကြည့်နေကြ
သည်။ ထိုထူးဆန်းသောအမူအရာကြီးများကို မြင်မှ
ဒါရိုက်တာဦးမြင့်မောင်တစ်ယောက် ဖြစ်နေသော
ပြသနာအားနားလည်သွားတော့သည်။

"မဟုတ်ဘူး..မဟုတ်ဘူး ငါပြောတာအဲ့လို
မဟုတ်ဘူး။ သူကမင်းဇနီးလို့ပြောပေမယ့်
ဟိုလို ဇနီးမဟုတ်ဘူးကွာ..။ ငါပြောတဲ့ ဇနီးက
သပ်သပ်ဇနီးလေ ငါပြောတာ သိတယ်မလား.."

တူညီစွာခေါင်းခါပြလာသော သူနှစ်ဦးက..
ကြောက်စရာကောင်းသည်။ သေသေချာချာရှင်းစမ်း
ဟူသော အကြည့်များကြောင့် ဒါရိုက်တာဦးမြင့်မောင်
ကြက်သီးများပင် ထသွားရသည်။

"ဒီ..ဒီလိုကွာ "

"အင်း.."

" မင်းကဘယ်နေရာသွားသွား မင်းရဲ့အတွင်းရေးမှူးကိုခေါ်သွားတတ်တယ်လေ.."

Clover your'e my clover[Completed]Wo Geschichten leben. Entdecke jetzt