လုပ်ငန်းနယ်ပယ်မတူကြသော ဦးထက်နောင်တို့
သူငယ်ချင်းများက ခဏခဏဆုံလေ့မရှိသော်လည်း
အဆက်အသွယ်တော့မပြတ်ကြပေ။ တစ်ယောက်
တွင်ကောင်းမွန်သော ကိစ္စရှိလာတိုင်းအချင်းချင်း..
အရင်မျှဝေတတ်ကြပြီး အခက်အခဲတွေ့ပါကလည်း
ကူညီဖြေရှင်းပေးတတ်ကြသည်။

"မင်း..ထက်နောင် ခွေးသား အခုချက်ချင်း
အရယ်ရပ်စမ်း ငါ..ငါ နားရင်းရိုက်မှာနော်.."

ဒါရိုက်တာဦးမြင့်မောင်က ရှက်ရမ်းရမ်းလေ
ဦးထက်နောင်က ပိုရီချင်လေပင်။ စကားတည်
သော လူပျိုကြီးကတကယ်ပင် ဦးထက်နောင်
ကို နားရင်းရိုက်ပြစ်လိုက်သည်မှာ မူးဝေဝေပင်
ဖြစ်သွားသည်အထိပင်။

"သတ္တိကောင်းလိုက်တာ GS group ရဲ့
ဥက္ကဌကို ရုံးခန်းထဲဝင်ပြီး ရိုက်နှက်တယ်...
မင်းကိုရဲတိုင်မယ် မြင့်မောင်။ ပြီးတော့ ကလေးသူငယ်
သွေးဆောင်မှုနဲ့ရောဘဲ..ဟားဟား..ဟားဟားဟား"

ဦးထက်နောင်စကားအဆုံး ဒါရိုက်တာဦးမြင့်မောင် ၏ဘာသာပေါင်းစုံဖြင့်ဆဲဆိုသံများမှာ မြိုင်ဆိုင်စွာ
ထွက်လာတော့သည်။ ဥက္ကဌရုံးခန်းရှေ့မှ ဖြတ်
သွားကြသော ဝန်ထမ်းများသည် သူတို့ဥက္ကဌကြီး
အား အမည်တပ်ကာဆဲဆိုသံများကြောင့်...
ခြေထောက်များပင် ခွေယိုင်ကုန်သည်အထိထိတ်
လန့်ကုန်ကြသလို စိတ်ဆိုးရမည့်အစား ရယ်နေ
သော ဥက္ကဌကြီး၏ ရယ်သံကြောင့် အူကြောင်
ကြောင်ဖြစ်ကုန်ကြလေသည်။

"အအေးသောက်ပါဦး ဒါရိုက်တာဦးမြင့်မောင်.."

မိုးဝေက အအေးလာချပေးသောအခါမှ လူပျိုကြီး၏
ရှက်ရမ်းရမ်မှုမှာ တစ်ခန်းရပ်တော့သည်။ အအေးကို
သောက်ရင်း ဦးထက်နောက်ဘက်ကိုမကြည်ကြည့်
ကြည့်နေသေးသည်။ ဦးထက်နောင် လူပျိုကြီးကို
လစ်လျူရှုရင်း မိုးဝေကိုပြောလိုက်သည်။

"အခြေအနေဘယ်လိုလဲ မိုးဝေ သဘောတူ
စာချုပ်ချုပ်နိုင်ပြီလား.."

"တစ်ဖက်က အခုထိတင်းခံနေသေးပေမယ့်..
စိတ်ဝင်စားတဲ့ အရိပ်ယောင်ရှိပါတယ် Boss
ကျွန်တော် ရက်ပိုင်းလောက်ထက်သွားပြီးရင်..
အဆင်ပြေပြီလို့ ခန့်မှန်းထားပါတယ်.."

Clover your'e my clover[Completed]Where stories live. Discover now