'မုန်းလိုက်တာ... ဘာလို့အဲ့လောက်ထိဟန်ဆောင်ကောင်းခဲ့ရတာလဲ'

မုန်းတယ်လို့အကြိမ်ကြိမ်ရေရွတ်နေပေမဲ့ တသွင်သွင်စီးကျနေသည့်မျက်ရည်တွေကိုလည်းလစ်လျူရှုလျက်...

Noonaကိုအရင်ကစင်တာမှာပဲပြန်အပ်ပေးထားတာကြောင့် သင်တန်းသွာရန်အိမ်ကအထွက် ခပ်လှမ်းလှမ်းမှာစောင့်နေသည့်Jaeyunနှင့်အစောင့်အချို့ကိုတွေ့တာကြောင့် လေပူတချက်ထုတ်ရင်းသူတို့အနားလျှောက်သွားလိုက်သည်။

​ကြည့်ရတာသူ့တို့မောင်နှမနှစ်ယောက်လုံးကိုစောင့်ကြည့်ဖို့တာဝန်ပေးခံထားရပုံပေါ်သည်။ သူ့ကိုမြင်တော့အရိုအသေပေးလာကြသည်။

"Jaeyun"

"Nae အကိုလေး"

"ငါ့နောက်မလိုက်ကြနဲ့တော့ အခုငါကမင်းတို့ခေါင်းဆောင်နဲ့ဘာမှမသက်ဆိုင်တော့ဘူး၊ Jimin hyungကိုလည်းပြောလိုက်ပါ ငါ့နောက်လူတွေထပ်လွှတ်ပြီးမစောင့်ကြည့်ပါနဲ့တော့လို့"

"အကိုလေးတို့ရဲ့လုံခြုံရေးအရစောင့်ကြည့်ရတာပါ နားလည်ပေးပါ"

'ဟင်း...'

ပြောလည်းရမည့်ပုံမပေါ်တာကြောင့် လစ်လျူရှုပြီးလှည့်ထွက်မည်အလုပ်

"အကိုလေး"

သူ့ကိုလှမ်းခေါ်လိုက်သည့်Jaeyun။ မျက်နှာကလည်းတစ်ခုခုပြောရန်တွန့်ဆုတ်နေသလိုရှိတာမလို့ အရေးကြီးတစ်ခုခုဖြစ်မည်ဟုTaehyungယူဆလိုက်မိသည်။

ထို့နောက်Jaeyunက အဖွဲ့ခေါင်းဆောင်ဖြစ်တာကြောင့်သူနှင့်ပါလာသည့်သူ့လူအချို့ကို ခပ်လှမ်းလှမ်းသို့ရှောင်စေလိုက်သည်။

"တစ်ခုခုပြောစရာရှိလို့လား??"

"ကျွန်တော်ဂိုဏ်းစည်းကမ်းဖောက်တာလဲသိပါတယ် ကျွန်တော်နဲ့မဆိုင်တဲ့ကိစ္စမှန်းလဲသိပါတယ် ဒါပေမဲ့ခေါင်းဆောင်ဆိုတာကလဲကျွန်တော့်ညီလေးလိုပဲမလို့ အကိုလေးကိုတစ်ခုလောက်သိစေချင်လို့ပါ"

Jaeyunက Jimin hyungရဲ့လက်ထောက်။ Jimin hyungလိုပဲ စကားသိပ်မပြော။ ခပ်အေးအေးသာနေတတ်သူကသူ့အားစကားလာပြောသည်မလို့ အထူးအဆန်းတော့ဖြစ်မိသည်။

𝙃𝙚 𝘽𝙚𝙛𝙤𝙧𝙚 𝙈𝙚  {Completed}Waar verhalen tot leven komen. Ontdek het nu