ဒါကြောင့် ဝမ်ဖေးရန်လည်း အချိန်မဆွဲတော့ပဲ ရွယ်ဆွေ့ဓားကို ထုတ်လိုက်တော့ တစ်ဖက်က ရန်သူလက်ထဲတွင်လည်း ဓားတစ်ချောင်းပေါ်လာတော့သည်၊ဝမ်ဖေးရန်ရဲ့မျက်လုံးအရောင်တစ်ချက်လက်သွားကာ
'ကြည့်ရတာ ထိုရုပ်သေးရုပ်က ပြိုင်ဘက်သုံးတဲ့လက်နက်အတိုင်း လိုက်အသုံးပြုတဲ့ပုံပဲ' လို့ တွေးတောလိုက်ရင်း သူရဲ့ရွယ်ဆွေဓားကို ကု့ချင်းပုံသဏ္ဍာန်ပြောင်းဖို့မကြိုးစားတော့ပဲ ဓားကို သေချာနေရာယူကာ
"မက်မွန်ပွင့်ဖက်များ ပြန့်ကျဲစေ" လို့ ရွတ်ဆိုကာ ပြေးဝင်သွားတော့သည်၊တစ်ဖက်ရန်သူဟာလည်း ဓားကိုပုခုံးနားထိ မြောက်တင်လာကာ သူ့ဆီပြေးဝင်လာတော့သည်၊ ဝမ်ဖေးရန်ရဲ့နူတ်ခမ်းများကော့ကွေ့းသွားပြီး သူရဲ့လက်ထဲရှိဓားသည်လည်း မက်မွန်ပွင့်ဖက်များ အသွင်ပြောင်းကာ လေထဲမှာ ပြန့်ကျဲသွားတော့သည်၊
ဝမ်ဖေးရန်ဟာ ရပ်လိုက်ပြီး အနောက်ကို လေးလှမ်းလောက် ခုန်ဆုတ်လိုက်ပြီး သူရဲ့ဘယ်ဘက်လက်ကို ရင်ဝထိ ပင့်မြောက်လိုက်ပြီး လက်ချောင်းနှစ်ချောင်းကို ပူးကပ်လိုက်ပြီး သူ့ဆီပြေးဝင်လာသည့်ရန်သူကို ညွှန်ပြလိုက်တော့ လေထဲမှာ ဝေ့ဝဲနေသည့်မက်မွန်ပွင့်များသည် ချက်ချင်းဓားပုံသဏ္ဍာန်ပြောင်းသွားတော့သည်၊
"မက်မွန်အပွင့်တစ်ရာရိုက်ချက်" လို့ ရွတ်ကာ လေထဲရှိဓားတွေကို ရုပ်သေးရုပ်ကို ထိုးစိုက်ရန်ညွှန်ပြလိုက်တော့သည်၊လေထဲရှိဓားများသည်လည်း အမိန့်ရသည်နှင့် ရုပ်သေးရုပ်ဆီကို ပြေးဝင်တော့သည်၊ ဓားတစ်ရာဟာ ရုပ်သေးရုပ်ရဲ့နေရာလွတ်မကျန်ထိုးစိုက်ရန် ပြေးဝင်ပေမယ့် ဒီချူံးအဆင့်ဖြစ်တာကြောင့် ရုပ်သေးရုပ်ဟာ ရှောင်လည်းရှောင် သူရဲ့ဓားနဲ့လည်း ပြန်လည်ခုခံနေတော့သည်၊
ဒါပေမယ့် ထိုချိန်မှာ အပြာရောင်ကောင်းကင်ကြီးဟာ မဲမှောင်လင်းလက်လာကာ ကြောက်စရာကောင်းသည့် ချီစွမ်းအင်များပြည့်သိပ်လာတော့သည်၊
ဝမ်ဖေးရန်လက်ထဲရှိ ရွယ်ဆွေ့ဓားသည် ကု့ချင်းအဖြစ် ပြောင်းလဲသွားပြီး တေးသံစဉ်တစ်ပုဒ်စတင်တီးတော့သည်၊ ထိုတေးသံစဉ်ဟာ ကြားရသူအဖို့ မတောင့်ခံနိုင်ရအောင်ပင် နာကျင်မှုကိုခံစားရသည်၊ကု့ချင်းပေါ်ရှိ ကျောက်စိမ်းလက်လေးများသည်လည်း ယခုတော့ လူသတ်လက်နက်များသဖွယ်၊
YOU ARE READING
Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)
Historical FictionTitle: Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို႕ Zawgyi and Unicode Started date: 16.6.2020 End date: ????? ကျွန်တော့်ဘဝက အရမ်းသနားဖို့ကောင်းတာ ခင်ဗျားလေးလို့ သိမယ်မထင်ဘူးဗျာ၊ ကျွန်တော့် မိန်းမမပြောနဲ့ မူးလို့ရှူစရာစော်တောင် မရှိသေးဘူးလေ၊ဒါကို...
Chapter-48
Start from the beginning