"နန်ရှောင်း ဆိုတဲ့ကောင်စုတ်လေး ဘယ်လိုကံမကောင်းဖြစ်တော့မလဲ(အရိုက်ခံရတော့မလဲ)ဆိုတာကို အရင်ဆုံးထိုင်ပြီးစောင့်နေကြရအောင် ဒါပေမဲ့ ငါတို့ သူ့ကိုဒီမှာ မတွေ့ခဲ့ဘူးဆိုရင် ငါတို့ချိန်းထားတဲ့နေရာကိုသွားပြီး သူ့ကိုတွေ့ရုံပဲရှိတော့မှာ"

ချူယင်းကျယ် က ဆေးလိပ်ကိုကိုင်ကာ အေးဆေးစွာပြောလိုက်သည်။

သူတို့က ကျောင်းပြင်ထွက်ဖို့အတွက်‌ နောက်ဆုံးအချိန်တောင် တမင်သက်သက်ဖျက်ပြီး လာခဲ့သည်။ ဒီနားမှာ ထိုင်တာနေ့တစ်ဝက်‌လောက်ရှိနေပေမဲ့ နန်ရှောင်း ကိုတော့ အခုထိ အရိပ်အယောင်တောင်မတွေ့ရသေးပေ။

သူတို့အားလုံး စောင့်နေရတာစိတ်မရှည်ဘဲဖြစ်နေစဉ် အရမ်းကိုလှတဲ့ ကောင်မလေးတစ်ယောက်ထွက်လာတာကို အဝေးကနေမြင်လိုက်ရသည်။

"အိုးး အဲ့ကောင်မလေးက‌အတော်လေးကိုလှတာပဲနော် ဘော့စ်!"

"ကျွန်တော်တို့ ဒီမှာ ငုတ်တုပ်ထိုင်ပြီး စောင့်နေတာက နန်ရှောင်း ဆိုပေမဲ့ အဲ့ဒီအရမ်းလှတဲ့ မရီးလေးကိုပါတွေ့ရမယ်လို့မထင်မိဘူး ဘော့စ် သူ့ကိုဘယ်လိုမြင်လဲ သူ့ ဝီချက်အကောင့်ကို သိချင်လား?? တောင်းပေးမယ်လေ "

ချူယင်းကျယ် ဘေးနားက ညီငယ်လေးကနေ အလိုက်အထိုက်ပြောလိုက်သည်။

ချူယင်းကျယ် ပထမကတော့ စိတ်ဝင်စားသွားသည်။ သူတို့မြင်နေရတဲ့ ကောင်မလေးက အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး အသားဖြူဖြူလေးဖြစ်ပြီး လှကလှသေးတယ်။ အဓိကအရေးကြီးဆုံးက သူမက ဖြူဖြူစင်စင်လေးနဲ့ ရည်ရည်မွန်မွန်ပုံပင် နတ်ဘုရားမလေးတစ်ပါးလိုပဲ သူမက သူရဲ့typeပဲဖြစ်သည်။

သို့သော်လည်းပဲ ထိုကောင်မလေးနဲ့တဖြည်းဖြည်းနီးနီးလာတော့ သူတခုခုမှားနေသလိုခံစားရလိုက်တယ်။

ချူယင်းကျယ် : "သူက အရမ်းလှပါတယ် ဒါပေမဲ့ ရင်းရင်းနှီးနှီးမြင်ဖူးသလိုပဲ"

"အခု ကြိုက်တယ်ဆိုတာကိုဝန်ခံလာပြီပေါ့..."သူတို့က အစွန်းအဆုံထိကို တဆုံးတွေးလိုက်ကြတော့တယ်။

"ချီးပဲ သူဘယ်သူလဲဆိုတာ သတိရပြီ နန်ရှောင်းနောက်ကို နေ့တိုင်း တကောက်ကောက်လိုက်နေတဲ့ကောင်မလေး မလား!"

Mary Sue ဇာတ်ကောင်အဖြစ်သို့ကူးပြောင်းလာခြင်း || COMPLETED ||Where stories live. Discover now