ရှီးနဉ်ဟာ သူမရဲ့ ကျောင်းလွယ်အိတ်ကလေးကို လွယ်ကာ ကျောင်းဂိတ်ပေါက်ဆီကို လမ်းလျှောက်သွားလိုက်သည်။

ကျောင်းတံခါးပေါက် အပြင်ဘက်တွင် လမ်းဘက်မှာ ဆောင့်ကြောင့်ထိုင်နေသော လူငယ်တစ်စု ရှိလေသည်။ သူတို့က ကျောင်းဝတ်စုံကို ဝတ်မထားကြတဲ့အပြင် သူမတို့ကျောင်းရဲ့ ကျောင်းသားတွေ ဖြစ်ပုံ‌မပေါ်ဘူး။

ဆံပင်ကောက်ကောက်နဲ့ ကောင်လေးတစ်ယောက်ကဆို သူရဲ့ပါးစပ်ထဲမှာ စီးကရက်တစ်လိပ်တောင် ရှိသေးသည်။ သူရဲ့ရုပ်ရည်အသွင်အပြင်က မေးရိုးချွန်းချွန်းနှင့် သန်မာသည့်ပုံစံဖြစ်ပေမဲ့ သူရဲ့မျက်လုံးတွေက ‌ကြောက်စရာကောင်းလှသည်။

သူ့ဘေးက ကောင်လေးတစ်ယောက်က သူ့ကို စီးကရက် ထုတ်ပေးနေသည်။

"ဘော့စ် ငါတို့ ဒီမှာ နန်ရှောင်း နဲ့ တွေ့နိုင်မယ်ထင်လို့လား?"

ထိုကောင်လေးက ခေါင်းဆောင်လို့ခေါ်သောသူဟာ ချူယင်းကျယ် ဖြစ်ပြီး တောင်ဘက်ပိုင်းမြို့တော် ချန်နန် မှာဆို ‌အာဏာရှင်တစ်ယောက်လိုပင်။ သူရော နန်ရှောင်းရောက သူတို့ကိုယ်ပိုင်ဂိုဏ်းတွေရဲ့ ဘော့စ်တွေ ဖြစ်ကြတယ်။ သူတို့နှစ်ယောက်စလုံးက တစ်ယောက်နဲ့တစ်ယောက် မတည့်တာ အချိန်တော်တော်ပင် ကြာလှပြီဖြစ်သည်။

သူတို့က ဒီနေ့ ဒီနေရာကို တမင်တကာကို လာခဲ့တာ။

တိုက်ခိုက်တယ်ဆိုတာက နည်းဗျူဟာတွေကို အာရုံစိုက်ဖို့လည်း လိုအပ်တယ်။ သူတို့ချိန်းဆိုထားတဲ့နေရာက ဒီနေရာမဟုတ်ဘူး။ ဒါပေမဲ့ သူတို့အားလုံးက နန်ရှောင်း အဖွဲ့ရဲ့လူတွေဆီကနေ ဆိုးဆိုးဝါးဝါး ရိုက်ခံရနိုင်တာမို့လို့ ချူယင်းကျယ် က သူ့ဘက်ကနေ အကွက်စရွှေ့ဖို့ဆုံးဖြတ်လိုက်တာဖြစ်သည်။ နန်ရှောင်း တစ်ယောက်တည်းကို ဒီနေရာမှာတွေ့လိုက်မယ်ဆိုရင် သူ့ကို သူတို့က အရင်ဆုံးရိုက်လိုက်နိုင်မှာပဲဖြစ်တယ်!

အရင်တုန်းက နန်ရှောင်းဆီကနေ သူအထိုးခံလိုက်ရတုန်းကဆိုရင် သူရဲ့ဒဏ်ရာဟာ ညိုမဲသွားပြီး သူ့ရဲ့အမေကတောင် သူ့ကို မမှတ်မိနိုင်တော့လောက်တဲ့အထိကိုဖြစ်သွားတာကို သတိရသွားတော့ ချူယင်းကျယ် က အံကိုတင်းတင်းကြိတ်လိုက်မိသည်။

Mary Sue ဇာတ်ကောင်အဖြစ်သို့ကူးပြောင်းလာခြင်း || COMPLETED ||Όπου ζουν οι ιστορίες. Ανακάλυψε τώρα