သူမက တကယ်ကို မှတ်မိပြီဆိုမှ သူမရဲ့လက်ကိုထောင်ပြလိုက်တာပဲဖြစ်တယ်။

"ဒါဆိုလည်း မင်းကြိုးစားကြည့်ပေါ့"

ဆရာယန်က ထိုသို့ပြောလိုက်ပြီးနောက် တစ်ခွန်းထပ်ပြီး ပြောလိုက်လေသည်။

"တကယ်လို့ မင်းမမှတ်မိတော့ဘူး ဆိုရင်တောင် ဘာမှမဖြစ်ဘူးနော် အကောင်းဆုံးကြိုးစားထားတာပဲလေ ဟုတ်တယ်မလား"

ရှီးနဉ် စာအုပ်ကို ပိတ်ပစ်လိုက်ပြီး အလွတ်စပြီးရွတ်ပြလိုက်သည်။

"ဟွမ်ဂန် ပြည်မှာ ဝါးတွေအများကြီးရှိ....."

ရှီးနဉ် တရုတ်ရိုးရာစာပေရဲ့ စာလုံးအမြောက်အများကို အလွတ်ရွတ်ဆိုပြနိုင်ပြီး အလယ်စာလုံး အသံထွက်မှားသွားတာကလွဲပြီး ကျန်တာတစ်ခုမှ မမှားသွားဘူး။ ဆရာနဲ့ အတန်းဖော်တွေအားလုံး အထိတ်တလန့်ဖြစ်ကုန်သည်။

ဆရာယန် ကမေးလာလေသည်။
"ဒါကို အရင်က ဖတ်ဖူးခဲ့တာလား?"

ရှီးနဉ် က သူမရဲ့ခေါင်းကို ခါပြလိုက်တယ်။
"မဟုတ်ပါဘူး ဒီနေ့မှ ပထမဆုံး ဖတ်ဖူးတာပါ"

ဆရာယန်တစ်ယောက် အံ့ဩသွားတော့သည်။

"ပထမဆုံး?? မိနစ်ပိုင်းတွင်းမှာ မင်းက အလွတ်ဆိုနိုင်သွားတယ်??"

စာပိုဒ်က အရှည်ကြီးတော့မဟုတ်ပေမဲ့ မှတ်မိဖို့က အတော်လေးခက်ခဲသည်။

ရှီးနဉ် : "သမီးက တခြားနေရာမှာ မတော်ပေမဲ့ တခြားလူတွေထက်တော့ မြန်မြန်ဆန်ဆန် ပိုမှတ်မိနိုင်တယ်"

သူမ ငယ်ငယ်လေးကတည်းက တခြားသူတွေထက်သာတဲ့ အရာဆိုလို့ သူမရဲ့မှတ်ဉာဏ်ပဲရှိတယ်။

သူမ ရှီးနဉ် အဖြစ် ကူးပြောင်းလာပြီးတဲ့နောက်မှာ သူမရဲ့ မှတ်သားနိုင်တဲ့စွမ်းရည်က ဆက်ရှိလိမ့်မယ်လို့ကို မမျှော်လင့်ထားဘူး။

"ဒါဆို အရင်တုန်းက မင်းဉာဏ်ကောင်းတာကို ငါဘာလို့ မသိခဲ့ရတာတုန်း?"

ဆရာယန်က ရှီးနဉ် ဆီမှာ ဒီလို စွမ်းရည်ရှိနေလိမ့်မယ်လို့ကို မထင်ထားမိဘူး သူ့ရဲ့မျက်လုံးနဲ့ တပ်အပ်မတွေ့ခင်တုန်းကအထိပေါ့.....

Mary Sue ဇာတ်ကောင်အဖြစ်သို့ကူးပြောင်းလာခြင်း || COMPLETED ||Where stories live. Discover now