ထိုသို့ပြောလိုက်တော့ အနှီကောင်မလေးရဲ့ ပါးစပ်ဟာ အော်တို ပိတ်သွားသည်။

"တိတ်ကြစမ်း! အတန်း မပြီးမချင်း မတ်တပ်ရပ်ခိုင်းပြီး အပြစ်ပေးခံချင်နေကြတာလား?"

အတန်းထဲ ဗရုတ်ကျအောင် ဆူညံနေတာကို တွေ့လိုက်ရတော့ ဆရာက ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး စည်းကမ်းတင်းတင်းကြပ်ကြပ်လုပ်လိုက်သည်။

အတန်းက ငြိမ်ကျသွားပြီးနောက် ဆရာယန်က သူ့ခုံသူထိုင်နေတဲ့ ရှီးနဉ် ကို လှမ်းကြည့်လိုက်သည်။

ဘယ်သူအလွတ်ဆိုပြနိုင်လဲလို့ ဆရာမေးတုန်းက လက်ထောင်တဲ့သူဟာ သူမတစ်ယောက်တည်းသာဖြစ်သည်။

တခြား ဆူညံနေတဲ့အတန်းဖော်တွေနဲ့ မတူဘဲ ရှီးနဉ် က ထိုအချိန်က သူမဘာသာသူမ ထိုကဗျာကို ဘာသာပြန်ကြည့်ပြီး စာအုပ်ထဲက လေ့ကျင့်ခန်းတွေကို စလုပ်လေသည်။

"...."

ဆရာယန်က သူမမြင်နေရတဲ့ ရှီးနဉ် က တခြားတစ်ယောက်လားလို့ကို သံသယဖြစ်နေမိသည်။

သူမကလည်း နန်ရှောင်း လိုပဲ ဆုံးမရတာ ခက်ခဲတဲ့ကျောင်းသူတစ်ယောက်ပဲဖြစ်သည်။

သူတို့က ပုန်ကန်တယ်။ ဆရာ၊ဆရာမစကားဆို နာခံမှုလုံးဝမရှိကြဘူး။ ဒါပေမဲ့ သူတို့မိသားစုတွေက အာဏာရှိကြပြီး ကျောင်းရဲ့ ရှယ်ယာအများစုကိုလည်း ပိုင်ဆိုင်ကြသေးတယ်။ သူတို့တွေ ရှုပ်ရှုပ်ယှက်ယှက် ဘာကိုပဲလုပ်လုပ် ဆရာဆရာမတွေကတောင် သူတို့ကို ဘာမှ မပြောရဲကြဘူး။

"ကျောင်းသူရှီးနဉ် ဒီစာပိုဒ်ကြီးကို မင်း အလွတ်မှတ်မိနိုင်တယ်လို့ ထင်သလား?" ဆိုပြီး ဆရာယန်က မေးသည်။

ရှီးနဉ်က မတ်တပ်ရပ်လိုက်ပြီး ခေါင်းညိမ့်ပြလိုက်သည်။

"သမီး ကြိုးစားကြည့်မယ်"

"အရမ်း သတ္တိကောင်းချင်ယောင်ဆောင်မနေနဲ့နော် ဒါက အတော်လေးကို ခက်တာ"

သူမ စိတ်မရှည်ဘဲ တခုခုလုပ်ပစ်လိုက်မှာကို ဆရာကစိုးရိမ်နေသည်။

ရှီးနဉ် က သဘောရိုးဖြင့်သာ ပြောလိုက်သည်။

"သမီး သတ္တိကောင်းချင်ယောင်ဆောင်နေတာမဟုတ်ပါဘူး"

Mary Sue ဇာတ်ကောင်အဖြစ်သို့ကူးပြောင်းလာခြင်း || COMPLETED ||Место, где живут истории. Откройте их для себя