အပိုင်း - ၃

Start from the beginning
                                    

"နင်က အရှင်ယွဲ့ချီကို ဖြားယောင်းချင်နေတာလေ။ သေချာတာပေါ့၊ ငါတို့ကလည်း နင့်လှည့်ကွက်နဲ့ နင့်ကို အနိုင်ယူပြီး ပြန်အသုံးချလိုက်တာ။ အစတည်းက ငါတို့က ဒီလိုလူတွေပဲ။ ငါတို့လက်တွေကလည်း အပြစ်မဲ့သူတွေရဲ့သွေးတွေ စွန်းထင်းနေပြီးသား။ နင်ဘာလို့ ဟန်ဆောင်နေဦးမှာလဲ?"

အားလိုင်သည် မောက်မာစွာ ခေါင်းမော့လာပြီး သူမမျက်လုံးများမှာ အထင်သေးမှုများဖြင့် ပြည့်နေသည်။

"အရှင်ယွဲ့ချီက နင့်ကို တကယ်ချစ်တယ်လို့ ယုံနေတာလား? စစ်မြေပြင်ကနေ ထွက်ပြေးလာပြီး ဒီနေ့ ဘယ်လိုလုပ် နင်ပြန်လာရဲတာလဲ? ငါပြောမယ်၊ အရှင်ယွဲ့ချီက နင့်ကို တခြားသူဆီ ပေးပစ်တော့မှာ!"

"တခြား... တခြားသူဆီ ငါ့ကို ပေးပစ်မယ်?"

တုန်ရီနေသော နှုတ်ခမ်းများဖြင့် ပြောဆိုရင်း စုပိုင်တစ်ယောက် ဖြူရော်လာသည်။

"ငါမယုံဘူး... ဆရာက ဘယ်တော့မှ..."

"နင့်အဖေရဲ့ မဟာရန်သူတော်ကြီးကို မှတ်မိသေးလား၊ အဲ့ဒီဒုက္ခပေးတတ်လွန်းတဲ့ မဟာယွဲ့ပြည်ရဲ့ အမတ်ချုပ်ကြီးကိုလေ?"

အားလိုင်က ခြေလှမ်းလှမ်းကာ သူမနှင့်နီးရာသို့ လမ်းလျှောက်လာပြီး ပြုံးလျက် ဆက်ပြောသည်။

"သူ့ဆီမှာ အရမ်းကို အစွမ်းထက်တဲ့ ကူတစ်ကောင်ရှိတယ်။ အဲ့ဒါနဲ့သာဆို အရှင်ယွဲ့ချီက ကူအဆိပ်သခင်တိုင်းရဲ့ စိတ်ကူးယဉ်အိမ်မက်ဖြစ်တဲ့ ကူသတ္တဝါ'ကျွယ်ရှား'ကို ဖန်တီးနိုင်မှာလေ။ အမတ်ချုပ်ကြီးက အဲ့ဒါကို နင်နဲ့ အလဲအလှယ်လုပ်ချင်နေတယ်။ အရှင်ယွဲ့ချီကလည်း သူ့တောင်းဆိုချက်ကို လိုက်လျောလိုက်တယ်"

"မယုံဘူး... ငါမယုံဘူး..."

စုပိုင်လည်း ထပ်တလဲလဲ ရေရွတ်ပြီးနောက် ရုတ်တရက် အော်ပြောလေသည်။

"ဆရာက ငါ့အတွက် နေစရာအိမ်ဖြစ်ပေးမယ်လို့ ကတိပေးခဲ့ဖူးတယ်။ သူငါ့ကို ဘယ်တော့မှ လိမ်မှာမဟုတ်ဘူး!"

အားလိုင်က ပြန်မဖြေဘဲ ကျေနပ်အားရစွာ ပြုံးနေ၏။ အချိန်အတော်ကြာမှ ခပ်ဖြည်းဖြည်း ပြောသည်။

ကူတစ်သောင်းရဲ့ အလင်္ကာWhere stories live. Discover now