နန်ရှောင်းက သရော်ပြုံး ပြုံးလိုက်သည်။

“မင်းက...ငါ့ကို...ဆူပူမယ်ပေါ့?”

ကျင့်စစ်းဟန့် သူ့ခေါင်းကို ရမ်းလိုက်ကာ

“အိုက်ယိုး နန်ရှောင်းတာ့ကောရယ်  ကျွန်တော်က ရှီးနဉ် ကို ချော့နေတာလေ ဘာဖြစ်လို့ ငါနဲ့အတူ မပူးပေါင်းရတာတုန်း?”

“ငါ့ကိုငါသတ်သေဖို့ ဘယ်တော့မှ နောက်တစ်ခါထပ်လုပ်တော့မှာမဟုတ်ဘူး”

သူမက ထိုသုံးယောက်ကို  မော့ကြည့်လိုက်ပြီး အလေးအနက်ထားကာပြောလိုက်သည်။

အသက်တစ်ချောင်းဆိုတာ တန်ဖိုးရှိလွန်းလှတယ် မဟုတ်ဘူးလား။ အခု သူမရရှိထားတဲ့ ဘဝသစ်ကလေးထက် ဘယ်အရာကိုမှ ပိုပြီး မမြတ်နိုးနိုင်တော့ဘူး။

“အဲ့တာဆို ငါ့ရဲ့အာရုံစိုက်မှုကိုရဖို့အတွက် မင်းက ဘယ်နည်းလမ်းတွေများ ထပ်သုံးအုံးမှာလဲ ပြောပြပါဦး?”

နန်ရှောင်း ပြောလိုက်တဲ့စကားက သူမကို သူမထက် သူက ပိုပြီး ကောင်းကောင်းသိထားသလိုမျိုး  စိတ်ကြီးဝင်လွန်းတဲ့ အဓိပ္ပာယ်တွေတောင်ပါနေသေးသည်။

ရှီးနဉ် က သူရဲ့ အရှက်မရှိတဲ့ စကားတွေကြောင့် ပြောစရာစကားတောင် မရှိဘဲဖြစ်သွားသည်။

သူမကတောင် ဖြစ်နိုင်ရင် သူ့ကို မြင်တောင်မမြင်ချင်တော့ဘူး။

“ဒီနားမှာ ရပ်မနေနဲ့တော့ အရင်ဆုံး သူ့ကို စာသင်ခန်းထဲ လိုက်ပို့လိုက် ”ဆိုပြီး  လင်းစန်းနော့ က ဝင်ပြောလေသည်။

နန်ရှောင်း  ကတော့ လှောင်ပြောင်ပျက်ရယ်ပြုကာ ထွက်သွားဖို့မလုပ်သေးခင်  သူ့ကို မထီမဲ့မြင် အမူအရာလေးပေးလိုက်သေးသည်။

လင်းစန်းနော့က  နန်ရှောင်း ရဲ့ လက်မောင်းကို ဆွဲကိုင်လိုက်ပြီး သူ့အနားကို အသံတိုးတိုးလေးနဲ့ ပြောလိုက်သည်။

“မနေ့က အန်ကယ်ရှီးက မင်း အဖေနဲ့ တွေ့ခဲ့တယ်တဲ့ မင်းရဲ့ စိတ်ကြိုက်သုံးလို့ရတဲ့ ကတ်အကြောင်းတွေးကြည့်လိုက်စမ်း မင်းရဲ့အဖေက အဲ့တာကို ပိတ်ပစ်လိုက်တာကိုတော့ မလိုချင်ဘူးမလား!”

Mary Sue ဇာတ်ကောင်အဖြစ်သို့ကူးပြောင်းလာခြင်း || COMPLETED ||Where stories live. Discover now