“ရှီးမိသားစုရဲ့ သမီးက တော်တော်ကိုအထက်စီးဆန်လွန်းတယ်  ငါအံ့ဩတာက နန်ရှောင်းက အရင်တုန်းက သူ့ရဲ့ တခုခုဆိုပျက်ရယ်ပြုလွန်းတဲ့ အပြုအမူတွေကို သည်းခံထိန်းချုပ်နိုင်ခဲ့တာကိုပဲ တကယ်လို့သာ ရှီးနဉ်ကသာ သာမန်မိသားစုလေးတစ်စုကဆိုရင်  ချက်ချင်းမောင်းထုတ်ပစ်ခံရတာ ကြာလှပြီ”

“အဲ့ဟာလေးက တကယ့်ကို စိတ်အနှောင့်အယှက်ပဲ  နန်ရှောင်း က သူ့ကို လုံးဝမကြိုက်ဘူးဆိုတာ ရှင်းလင်းနေတာကို သူက နန်ရှောင်းကို အခုချိန်ထိ တွယ်ကပ်နေတုန်းပဲ သူနန်ရှောင်းအပေါ် လဲကျပြီးတော့ လမ်းမလျှောက်နိုင်လို့ဆိုပြီး စာသင်ခန်းတဲ့အထိ သူ့ကိုချီပို့ပေးဖို့ ပြောလာလိမ့်မယ်ဆိုတာ ငါသေချာပေါက် ပြောရဲတယ် ”

“သူကအဲ့လိုမလုပ်ဘဲနေပါ့မလား သူက ရှီးနဉ်ပဲလေ”

လူတိုင်းက  ရှီးနဉ်ဟာ နန်ရှောင်း ကို စွဲလမ်းနေတာကြောင့် ဘယ်လိုအရှက်မဲ့မလဲဆိုတာကို ကြည့်နေသော်ငြားလည်း သူတို့ဟာ ရှီးနဉ် က F4ရဲ့ အထူးပုဂ္ဂိုလ်ဖြစ်နေတာကြောင့် မနာလိုမိနေတုန်းပဲ။

ရှီးနဉ်ဟာ ပထမဆုံးထိတ်လန့်စရာ အဖြစ်အပျက်ကို ပက်ပင်းကြုံလိုက်ရပြီးနောက် ကျင့်စစ်းဟန့် က သူ့ကိုယ်သူ ညွှတ်ချလိုက်ပြီး သူမကို စိတ်လှုပ်ရှားလွန်းတဲ့ မျက်လုံးဝိုင်းကြီးနဲ့ စိုက်ကြည့်နေသည်။

“နဉ်နဉ် ငါကြားမိတာ မင်းကိုယ့်ကိုကိုယ် ထပ်ပြီး သေကြောင်းကြံတယ်ဆို?”

သူမေးတဲ့ပုံက သူမကို ‘နေ့လည်စာစားပြီးပြီးလား’လို့မေးသလိုမျိုး အရမ်းကို‌ အေးဆေးလွန်းတဲ့ အသံကြီးနဲ့မေး‌လေသည်။

ဒါဟာ ရှီးနဉ် ရဲ့ သေကြောင်းကြံစည်မှုက ပုံမှန်ဖြစ်စဉ်တစ်ခုလို့ သတ်မှတ်တယ်ဆိုတာကို သိသာလွန်းတယ်။

ရှီးနဉ် ဟာ သူမပါးစပ်ကနေ အဖြေကို မပြောရသေးခင်မှာပဲ ကျင့်စစ်းဟန့် က ဆက်ပြီးပြောတယ်။

“အဲ့တုန်းက နန်ရှောင်းကော က အရမ်းလွန်သွားတယ်ဆိုတာကို ငါ‌သေချာပေါက်ပြောရဲတယ် ဒီကောင်ကကွာ မင်းသမီးလေးကို လူတွေအများကြီးရှေ့မှာကို ဘယ်လိုတောင် ငြင်းပစ်ရက်နိုင်တာလဲ! ဒါက အရမ်းများသွားပြီ ငါ မင်းအတွက် သူ့ကို ဆူပေးမယ်”

Mary Sue ဇာတ်ကောင်အဖြစ်သို့ကူးပြောင်းလာခြင်း || COMPLETED ||Where stories live. Discover now