အနှီမတော်တဆဖြစ်ပွားမှုကြောင့်ပဲ ထိုကမ္ဘာရဲ့သူမရဲ့ ဘဝလေးက ဇာတ်သိမ်းသွားတော့လေသည်။

ယခု ဒီခန္ဓာကိုယ်ရဲ့ မူလပိုင်ရှင်၏ မှတ်ဉာဏ်တွေဟာ သူမရဲ့ ဦးနှောက်ထဲ အတင်းထိုးသွင်း၊လောင်းချနေသလို ခံစားမိသည်။ ထို့နောက် လီရှီးနဉ်ဟာ  သူမ ဝတ္ထုကမ္ဘာထဲတွင် ဘဝကူးပြောင်းခံလိုက်ရတယ်ဆိုတာကို သတိထားလိုက်မိသည်။ 

သူမဟာ ကျောင်းတွင်းဘဝ လူငယ်အချစ်ခွေးသွေး ဇာတ်လမ်းလေးဖြစ်တဲ့ “ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကြီးလေးယောက်နဲ့ သူတို့ရဲ့နတ်သမီးလေး” ဆိုတဲ့ စာအုပ်ထဲကိုကူးပြောင်းလာခဲ့တာဖြစ်၏။ 

ဘာလို့ဆို ဒီစာအုပ်ကို သူမ အထက်တန်းကျောင်းဝင်ခွင့် စာမေးပွဲဖြေပြီးနောက်မှာ အွန်လိုင်းပေါ်ကနေ   မတော်တဆတစ်ခါ ဖတ်ဖူးခဲ့တယ်။ စာအုပ်ရဲ့ဇာတ်ကြောင်းဟာ စာအုပ်နာမည်ကိုကြည့်တာနဲ့တင် ဘယ်သူမဆို အချစ်ဝတ္ထုဆိုတာကို တန်းသိနိုင်တယ်။

ဇာတ်ကြောင်းက မိသားစုကြီး လေးစုမှ ငယ်ရွယ်ချောမောလှတဲ့ လူငယ်လေး လေးယောက်သည်  ထုန်လု ဆိုတဲ့ ဆင်းရဲနွမ်းပါးပြီး ရိုးသားဖြူစင်တဲ့ကောင်မလေးကို ချစ်ကျွမ်းဝင်ကြတဲ့ ဇာတ်လမ်းလေးတစ်ခုဖြစ်တယ် ။ အနှီကောင်လေး‌ လေးယောက်ဟာ သူမရဲ့ အချစ်ကို ရဖို့အတွက် အချင်းချင်း ယှဉ်ပြိုင်ကြလေ၏။  

ဖြစ်ချင်တော့ သူမက  ထုန်လု အဖြစ်ကူးပြောင်းခံလိုက်ရတာမဟုတ်ဘဲ သူမနဲ့ နာမည်ချင်း ဆင်တူနေတဲ့ ရှီးနဉ် အဖြစ် ကူးပြောင်းခံလိုက်ရတာပဲ!!

ဇာတ်လမ်းထဲမှာ ရှီးနဉ်က ယန်းချန်မြို့ရဲ့
အချမ်းသာဆုံး မိသားစုကြီးလေးစုရဲ့ သားသမီးတွေထဲက တစ်ယောက်ပဲဖြစ်သည်။ သူမက ဇာတ်လိုက်ကျော်ကြီးလေးယောက်နဲ့အတူ ကြီးပြင်းလာခဲ့သူတစ်ယောက်ပင်။ သူမမှာ ငယ်ချစ်ဦးတစ်ယောက်ရှိ၏။ F4 ထဲကတစ်ယောက်ဖြစ်တဲ့ ရှီးချန်ကတော့ သူမနဲ့ အဖေတူ အမေကွဲ အစ်ကိုပင်။

ရှီးမိသားစုရဲ့ မိသားစုအတွင်းရေးအခြေအနေက အတော်လေးရှုပ်ထွေးလွန်းသည်။ ရှီးကျန့်ဖျင် နဲ့ ရှီးချန် ရဲ့ အမေ ချောင်ရှု က စီးပွားရေးအ‌တွက်ကြောင့် လက်ထပ်ဖြစ်ခဲ့သည်။ သူတို့နှစ်ယောက်ကြားမှာ အချစ်၊အမုန်း စတဲ့ စိတ်ခံစားချက် တစ်ခုမှမရှိကြဘူး။ သူတို့လက်ထပ်ပြီး မကြာခင်မှာပဲ ရှီးချန် ကို မွေးခဲ့တယ်။ တစ်နှစ်လောက် ကြာတော့ သဘောထားချင်းမတိုက်ဆိုင်မှုကြောင့်ပဲ ကွာရှင်းပြတ်စဲခဲ့ကြ၏။

Mary Sue ဇာတ်ကောင်အဖြစ်သို့ကူးပြောင်းလာခြင်း || COMPLETED ||Where stories live. Discover now