ထိုကောင်လေးဟာ ဆေးရုံကုတင်ဘေးက ခုံလေးပေါ်မှာထိုင်နေတဲ့ သူမရဲ့မျက်ရည်တွေ သုတ်နေတဲ့ အမျိုးသမီးကြီးကို အေးစက်စွာကြည့်လိုက်လေသည်။

“သူက ကျွန်တော့်အမေမှ မဟုတ်တာ”

ရှီးကျန့်ဖျင်သည် ‌သူ့ရဲ့သားကိုနောက်တစ်ကြိမ် ထပ်ပြီးကျိန်ဆဲချင်စိတ်တွေ တဖွားဖွားပေါက်လာ၏။ ထိုအချိန်မှာပဲ ဆေးရုံကုတင်ပေါ်ကကောင်မလေးရဲ့ မျက်လုံးတွေဟာ တဖြည်းဖြည်း ပွင့်လာ၏။

“နဉ်နဉ် သတိရလာပြီ”

ထိုကောင်မလေး သတိရလာတယ်လို့ အသံကြားတော့  ဒေါသအလိပ်လိပ်ထွက်နေတဲ့ အနှီလူကြီးရဲ့ ဒေါသတွေဟာ တစ်ခဏချင်းအတွင်းမှာပဲ ပျောက်ကွယ်သွားပြီး ကုတင်နားကနေရာကို အလျင်အမြန်ပဲ သွားလိုက်သည်။

ရှီးကျန့်ဖျင်ဟာ စိုးရိမ်မှုများစွာဖြင့် မေးမြန်းလာသည်။

“နဉ်နဉ် သမီးလေး သက်သာရဲ့လား? ”

လီရှီးနဉ် ဟာ မျက်တောင်ပေကလပ်ပေကလပ်ဖြစ်နေလေ၏။ 

အခု ဘာတွေ ဖြစ်နေတာတုန်း??

သူမရဲ့ မှတ်ဉာဏ်ထဲမှာတော့ သူမ စီးနေတဲ့ ဘတ်စ်ကားက စက်ချို့ယွင်းပြီးတော့ တံတိုင်းကို ဝင်တိုက်သွားတဲ့ ကြောက်စရာဖြစ်ရပ်ကြီးက ကျန်ရှိနေတုန်းပဲ။

သူမရဲ့ နာမည်က....လီရှီးနဉ် ။

သူမဟာ  ၁၈အဆင့်မြောက် ဆင်းရဲ နွမ်းပါးတဲ့ မြို့လေးတစ်မြို့က ကျောင်းသူလေး တစ်ယောက်။ သူမရဲ့ ကိုယ်ပိုင်ကြိုးစားအားထုတ်မှုကြောင့် ခရိုင်အဆင့် အထက်တန်းကျောင်း၏ ကျောင်းဝင်ခွင့်စာမေးပွဲတွင် ပထမနေရာကို ရရှိခဲ့တယ် ။

ဒါ့ကြောင့် သူမဟာ အကောင်းဆုံးအထက်တန်းကျောင်းကို တက်‌ရောက်နိုင်ခဲ့၏။ သူမရဲ့ အိမ်မက်က ဘာလဲဆိုတာကို သေချာသိပြီး‌နောက် ကြိုးစားခဲ့တာကြောင့် ချင်းဟွာတက္ကသိုလ် သို့မဟုတ် ပီကင်း တက္ကသိုလ် တစ်ခုခုတွင် တက်ရောက်ခွင့် ရနိုင်တော့မယ်လို့တွေးမိတုန်းမှာပဲ —

ဘယ်သူထင်မိမှာလဲ သူမ စီးလာတဲ့ ဘတ်စ်ကားက ယာဉ်တိုက်မှုဖြစ်ပွားလာခဲ့မယ်ဆိုတာကို....။

Mary Sue ဇာတ်ကောင်အဖြစ်သို့ကူးပြောင်းလာခြင်း || COMPLETED ||Där berättelser lever. Upptäck nu