[T/N- ဒီလိုပုံစံမျိုးကိုပြောတာပါ]

အချစ်ကို ပိုင်ဆိုင်လိုမှုနဲ့ အလိုဆန္ဒတွေ မျိုသိပ်ထားလို့ မရလောက်အောင်အထိကို ပြင်းထန်နေလေသည်။ သူဟာ သူမရဲ့ ခါးကို ဖက်လိုက်ပြီး ဒေါသ မီးတောက်နေတဲ့ မျက်လုံးနဲ့ကြည့်ကာ မေးလိုက်တယ်။

"ရှီးနဉ် မင်းဘာဖြစ်လို့ ဒီလောင်ဇီကို လျစ်လျူရှုထားတာတုန်း?"

[T/N: လောင်ဇီ - I, your father/your Daddy]

ရှီးနဉ်ရဲ့ အတွေးထဲတွင်တော့ ခွန်းတုံ့ပြန်ပက်လိုက်တယ်: 'ဘာလို့လဲဆိုတော့ နင့်နာမည်က နန်ရှောင်းလေ စာလေ့လာခြင်း မှမဟုတ်တာ' *

ဇာတ်အိမ်က ဆက်လက်ပြောင်းလဲသွားမှာဖြစ်တဲ့အတွက် ဇာတ်‌ကြောင်းပေါ်မူတည်ပြီး ဇာတ်လိုက်ကို ရွေးချယ်ဆုံးဖြတ်သွားမှာပဲဖြစ်ပါတယ်။

#တစ်လောကလုံးက ဇာတ်လိုက် မင်းသမီးကို ချစ်ကြပေမယ့် ဇာတ်လိုက်မင်းသမီးကတော့ စာလေ့လာရတာကိုပဲ နှစ်သက်နေတယ်#

*နန်ရှောင်းမှာ နန်က‌ မျိုးရိုး၊ ရှောင်းဆိုတာက ရဲစွမ်းသတ္တိ ဆိုတဲ့ အဓိပ္ပာယ်ပါ။ ရှီးနဉ်ပြောချင်တာက သူ့အနေနဲ့ ရွှယ်ရှီ(စာလေ့လာခြင်း)ဆိုတဲ့စကားလုံးမှ မဟုတ်ရင် ကျန်တာအားလုံး ဂရုကိုမစိုက်ဘူးဆိုပြီး ပြောချင်တာပါ*

Thanks for READING 💟

*******

【𝖹𝖠𝖶𝖦𝖸𝖨】

ရှီးနဉ် ဝတ္ထုဇာတ်လမ်းစာအုပ်တစ်အုပ်ထဲကို ကူးပြောင်းလာခဲ့တယ်။

သူမဟာ "ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးလေး‌ယောက်နဲ့ သူတို့ရဲ့နတ်သမီးလေး" ဆိုတဲ့ ကျောင်းသားအချစ်ဝတ္ထုထဲက အမျိုးသမီးဇာတ်ပို့ဇာတ်ကောင်တစ်ယောက် အဖြစ်ကူးပြောင်းလာခဲ့တယ်။

ဝတ္ထုဇာတ်ကြောင်းအရဆို ရှီးနဉ် က ချမ်းသာတဲ့ မိသားစုတစ်စုရဲ့ သမီးတစ်ဦးဖြစ်ပြီး အနှီဝတ္ထုရဲ့ အမျိုးသားဇာတ်လိုက်တွေ ဖြစ်တဲ့ ကောင်လေး လေးယောက်နှင့်အတူ ကလေးဘဝကိုကြီးပြင်းလာခဲ့ကြရသည်။ သူတို့အကုန်လုံးက သူမကို ချစ်ခင်နှစ်သက်ကြတယ်။ တစ်နည်းပြောရမယ်ဆိုရင် ဖူးဖူးမှုတ် အလိုလိုက်ခံထားရတဲ့ကောင်မလေးတစ်ယောက်ပေါ့။

Mary Sue ဇာတ်ကောင်အဖြစ်သို့ကူးပြောင်းလာခြင်း || COMPLETED ||Where stories live. Discover now