သူမသာ ဇာတ်လိုက်တွေနဲ့ ကင်းကင်းရှင်းရှင်းနေတဲ့ကာလပတ် တစ်လျှောက်လုံး သူမရဲ့ သေဆုံးရမဲ့ အဆုံးအသတ်ကိုရှောင်ကြဉ်နိုင်ဖို့ အရာအားလုံးကိုသေချာအောင် လုပ်မှဖြစ်မယ်။ ဆက်ပြီး အမြှောက်စာ ဇာတ်ရံလေးအဖြစ် မလုပ်နိုင်တော့ဘူး!

နောက်ဆုံးတော့ သူမရဲ့စိတ်ကိုတည်ငြိမ်စေပြီး စာကိုပဲ ကြိုးစား လေ့လာလိုက်သည်။ အဲ့နောက်မှာ သူမရဲ့အိမ်မက်တွေကိုအကောင်အထည်ဖော်နိုင်ခဲ့ပြီး ပီကင်းတက္ကသိုလ်ကိုတက်ရောက်ခွင့်ရခဲ့တယ်။

ဒါပေမဲ့လို့ပေါ့

အခုလက်ရှိ ဇာတ်ကြောင်းက တစ်ခုခု လွဲနေသလိုပဲ!!

ဇာတ်လိုက်မကိုပဲ သဘောကျနှစ်သက်ပါတယ်ဆိုတဲ့ နှင်းဆီခိုင်ကြီးလေးယောက်ဖြစ်တဲ့ ဒီ F4က ဘာလို့ ဒီလိုဖြစ်နေရတာလဲ???

မူလဇာတ်ကြောင်းအရ သူမကို စိတ်ပျက်နေရမဲ့ သူမရဲ့ အစ်ကို ရှီးချန်: ဟိုကောင်သုံးကောင်ကို အာရုံထားမနေနဲ့ ဒီက မင်းရဲ့ ကိုကိုကပဲ မင်းရဲ့ဘဝကို ထောက်ပံ့ပေးမှာပါ။

ရိုးသားကြိုးစားပြီး အမိုက်ဆုံး ထိပ်တန်းကျောင်းသားလေး လင်းစန်းနော့ : ရှီနဉ် , ကိုယ်မင်းကို အချိန်တွေအကြာကြီးသဘောကျနေတာကို မင်းက ဘယ်တော့မှသတိမထားမိဘူး.....

ဖျော်ဖြေရေးလုပ်ငန်းမှာ အနာဂတ် ထိပ်တန်းသရုပ်ဆောင်ဖြစ်လာမဲ့သူ ကျင့်စ်းဟန့် : ဘယ်ကောင်က မင်းရဲ့ မောင်လေး ဖြစ်ချင်နေလို့လဲ? ကိုယ်က မင်းမောင်လေး ဖြစ်ရမဲ့အစား မင်းရဲ့ ရည်းစားပဲဖြစ်ချင်တာ

အဆိုးဆုံးကတော့ ဒီဝတ္ထုကမ္ဘာရဲ့ မူလဇာတ်ကြောင်းမှာ သူဟာ ဇာတ်လိုက်မကြောင့် သူမ
ရှီနဉ် ရဲ့ဘဝကိုရေစုန်မြောအောင်လုပ်ပစ်ခဲ့တဲ့ အဓိကဇာတ်လိုက်ကျော်ကြီး နန်ရှောင်းပဲ!!

ခွေးတစ်ကောင်ကြောင်တစ်မြှီးမှမရှိတဲ့ လမ်းအဆုံးရဲ့ထောင့်လေးထဲကို နန်ရှောင်းက သူမရဲ့လက်ကိုကိုင်လျက် ဆွဲခေါ်သွားပြီး နံရံထောင့်နား သူမဘေးတွင် လက်ထောက်ကာ kabedoned* ပုံစံနဲ့ပိတ်ရပ်လိုက်တယ်။

ခွေးတစ်ကောင်ကြောင်တစ်မြှီးမှမရှိတဲ့ လမ်းအဆုံးရဲ့ထောင့်လေးထဲကို နန်ရှောင်းက သူမရဲ့လက်ကိုကိုင်လျက် ဆွဲခေါ်သွားပြီး နံရံထောင့်နား သူမဘေးတွင် လက်ထောက်ကာ kabedoned* ပုံစံနဲ့ပိတ်ရပ်လိုက်တယ်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Mary Sue ဇာတ်ကောင်အဖြစ်သို့ကူးပြောင်းလာခြင်း || COMPLETED ||Where stories live. Discover now