Inlove witb deaf girl (Jensoo final)

Mulai dari awal
                                    

"တို့ရဲ့ ညီမလေးကို ခင်ပြီး သူငယ်ချင်းလုပ်ပေးလို့ ပြီးတော့ basketball ဆော့နည်းကို စိတ်ရှည်ရှည်နဲ့ သင်ပေးလို့လေ ဆွံ့အနားမကြားတဲ့ သူကို သင်ပေးရတာ တော်တော် ခက်ခဲတယ်ဆိုတာ တို့အသိဆုံးမို့လေ "

"Aww ရပါတယ် အမရယ် "

"Jisooလေးက သိပ်သနားဖို့ ကောင်းတာ..သူက မွေးရာပါ ဆွံ့အနားမကြား မဟုတ်ပါဘူး...သူ အလယ်တန်း ကျောင်းသူဘဝမှာ Ommaတို့နဲ့ ခရီးထွက်ရင်း လမ်းမှာ ကားမတော်တဆဖြစ်ခဲ့တယ်လေ...သွေးထွက်သံယိုတွေဖြစ်ပြီး Ommaတို့ ပွဲချင်းပြီးဆုံးသွားတာ မြင်ပြီး လန့်သွားလို့ အာရုံကြောတွေ ချွတ်ယွင်းကုန်တာလို့ ဆရာဝန်ကပြောတယ်....အဲ့ကတည်းက သူ အမတို့ပြောတာတွေ မကြားတော့သလို ပြန်လည်း မပြောနိုင်တော့တာ...."

Irene ပြောတာ နားထောင်ပြီး Jisooကို Jennie တော်တော်လေး သနားမိသွားသည်

"Jisoo အာရုံကြောတွေ ချွတ်ယွင်းပြီး နောက်ပိုင်း ကျောင်းမှာ သူ့အပေါင်းအသင်းတွေကအစ သူ့ကို ရှောင်ကြဥ်ကြတယ် တစ်ချို့က သူ့ကို bully လုပ်ကြတယ်...အစကတည်းက စိတ်ဒဏ်ရာတွေ ရှိနေတဲ့ ကလေးက အဲ့လိုတွေ အနိုင်ကျင့်ခံရတော့ တိတ်ဆိတ်သွားတော့တာဘဲ "

Irene ပြောတဲ့ Jisoo အကြောင်းတွေ နားထောင်ပြီး Jennie စိတ်မကောင်းဖြစ်သွားသည်

"အဲ့လိုတိတ်ဆိတ်သွားတဲ့ ကလေးမလေးက တစ်နေ့က Seulgiက Jennieရဲ့ အကြောင်းကို ပြောတော့ မျက်လုံးလေးတွေ အရောင်လက်ပြီး ခေါင်းတညိတ်ညိတ်နဲ့ ထောက်ခံနေတော့တာဘဲ ကြည့်ရတာ ညီမလေးက Jennieကို သံယောဇဉ် ရှိနေလောက်ပြီ....."

Irene ပြောတာတွေ နားထောင်ရင်း ကားတစ်စီး ဆိုင်ရှေ့ ထိုးရပ်လာတာကို Jennie သတိထားမိသည်

ကားပေါ်ကနေ ဆင်းလာတဲ့ Jisooကို မြင်တော့ Jennieမှာ ကော်ဖီကိုရော Ireneကိုပါ အာရုံမရတော့ဘဲ Jisooကိုသာ ငေးကြည့်နေမိသည်

"ကြည့်ရတာ Jennieလည်း တို့ ညီမလေးကို သဘောကျနေတဲ့ပုံဘဲ "

Ireneရဲ့ စကားကြောင့် Jennie သတိပြန်ဝင်လာပြီး ရှက်သွားသည်

"ဟို..."

"မရှက်ပါနဲ့ တို့လည်း Seulgiကို သနားရာက ချစ်လာတော့ Jennie ပုံစံကို တို့ သဘောပေါက်ပါတယ်....Jennieနဲ့ဆို တို့ ညီမလေးကို စိတ်ချတယ်သိလား "

Blackpink One ShotTempat cerita menjadi hidup. Temukan sekarang