အပိုင်း ၂၇

Start from the beginning
                                    

လက်ဖျံတစ်ခုလုံးနီဖြန်းသွားသော ဂျီမင်းကြောင့် ဂျောင်ကုစုပ်တချက်သပ်ကာ ဆူဖို့အသင့်ဖြစ်နေလေပြီ။

" ငါ့ကိုဆူမယ်မကြံနဲ့နော် မင်းလည်းထိထားတယ် ''

တစ်စင်တီမီတာလောက်တောင် မရှိတဲ့ဓားရှမှုကို စကားလုံးတွေနဲ့ပစ်ပေါက်နေသည်။ တခါတလကျရင် သူ့အလှလေးက တအားပြောဆိုရခက်တယ်။ ဘာပဲဖြစ်ဖြစ် လက်ဖျံတစ်ခုလုံးရေနွေးပူလောင်တာ ပိုဆိုးတယ်မဟုတ်လား။ ဆူသင့်ရင် ဆူရမှာပေါ့။

မျက်နှာကြီးအံ့ကြိတ်ကာ ဂျီမင်းလက်ဖျံအား ရေခဲအုံပေးနေတဲ့ဂျောင်ကုက ဧည့်သည်တွေကိုတောင် သတိမထားမိတော့။ မောင့်စိတ်ကိုလွှမ်းမိုးနိုင်တဲ့ ငယ်က အဲ့လောက်တောင်စွမ်းတယ်တဲ့လား။ မောင့်စိတ်တစ်ခုလုံးကို ငယ်ကအပိုင်စီးထားတာလေ မလွန်လွန်းဘူးလား။

" အနာတရပေးမဖြစ်ပါနဲ့ ငယ်ရယ် ။ ငယ်နာကျင်ရင် မောင့်မှာပိုနာကျင်ရတယ်ကွ ''

" အနာတရပေးမဖြစ်ပါနဲ့နော်~ ''

သူရင့်ကျက်နေပြီထင်နေတာ။ ငယ်နဲ့ပတ်သက်ရင် သူဟာတစက်ကလေးမှကို ရင့်ကျက်မှုမရှိ​သေးတဲ့ လူ။ အခုကြည့် ငယ့်ကြောင့် သူမျက်ရည်ကျနေရပြီ။

" မငိုပါနဲ့ မောင်ရယ်~ ငါဘာမှမဖြစ်ပါဘူး ''

" နောက်တခါ မတော်တဆပေးမဖြစ်နဲ့နော် ''

" အင်းပါ။ အာရီဂူး~ ငိုနေတာကွာ ကလေးလေးကျနေတာပဲ ''

ငယ်လှောင်ရင်လည်းလှောင်ပါစေ။ သူဟာငယ်နဲ့ပတ်သက်ရင်အမြဲမျက်ရည်လွယ်တဲ့သူမို့ အဲ့ဒါငယ့်ကိုအရမ်းမြတ်နိုးရလို့။ ငယ်ကအမြဲ အနာတရဖြစ်နေတာမို့ မောင်ကပိုပြီးဂရုစိုက်ပါ့မယ်။ မောင့်ရဲ့ပေါ့ဆမှုကြောင့် ငယ်အနာတရဖြစ်တယ်ဆိုရင် မောင်ပိုပြီး ငယ့်ကို ဂရုစိုက်ပါ့မယ်ကွာ ။

ငယ့်ရဲ့ အပူလောင်ထားတဲ့လက်ဖျံကို နူးနူးညံ့ညံ့လေးငုံ့နမ်းကာ ပါးနှင့်ကပ်ထားလိုက်သည်။

" မောင်~ ''

" နောက်ဆို မောင်က ပိုပြီးဂရုစိုက်ပါ့မယ် ''

" အဟမ်း! "

အချစ်ပိုနေကြသောအချစ်ငှယ်ငယ်နှစ်ကောင်အား ဝင်ရှုပ်ဖက်ပါသော ငယ်ပေါင်း ထယ်စုတ်! ။

𝗕𝗮𝗱 𝗕𝗼𝘆'𝘀 𝗧𝗲𝗮𝗰𝗵𝗲𝗿 (Complete) Where stories live. Discover now