အပိုင်း ၂၇

Ξεκινήστε από την αρχή
                                    

ဟင်း! အဆိုးလေး အိမ်ရောက်မှတွေ့မယ်။

နှစ်တွေကြာသွားတာတောင် ငယ့်ကိုလက်ထပ်ခွင့်မတောင်းရသေး။ အဲ့အတွက်လည်း ကိုယ့်ကိုယ်ကိုယ်ပြစ်ဒဏ်ပေးတဲ့အနေနဲ့ အလုပ်တွေဖိလုပ်ခဲ့သည်။ ငယ့်ကိုလက်ထပ်ခွင့်တောင်းတော့မှာပါ။ အဲ့အတွက် မောင့်ကိုခဏလေးပဲ စောင့်ပေးပါနော်။

အတွေးလွန်နေသော ဂျောင်ကုကို လင်ဗန်းနှင့်ကောက်ထုချင်လာသည်။ ဘာတွေဒီလောက်တွေးနေလို့ တော်တော်နဲ့လက်တွေ့ဘဝကိုမရောက်နိုင်တာလဲ! ။

ခက်တယ်နော် ဒီကလေးနဲ့တော့~ ။

ဂျောင်ကုကိုအခုထိ ကလေးလေးလို့ပဲ မြင်သေးတဲ့ ဂျီမင်းက သူ့ပုံစံနဲ့ ဂျောင်ကုကိုယ်လုံးကိုမနှိုင်းယှဥ်မိပေ။ အခေါ်အဝေါ်တွေပြောင်းတဲ့နေ့ကဆို မှတ်မိပါသေးတယ်။ '' ငယ်လို့ခေါ်ရအောင် ငါကမင်းထက်ငယ်တာမှမဟုတ်တာ '' ဟု ငြင်းခုံပြီး နှစ်ရက်၊သုံးရက်လောက်စိတ်ကောက်ပြပါသေးတယ်။

အဲ့တုန်းကလည်း ဂျောင်ကုကပဲ လိုက်ချော့ကာ '' ငယ်လို့ခေါ်တာ အရမ်းချစ်လို့ပါ '' ဟု စကားအလှလေးတွေပစ်ကျွေး​လေသည်။ '' မင်လို့ခေါ်ပါ '' ဆိုပြန်တော့လည်း '' ဟိုဘွားတော်ခေါ်တဲ့ဟာကြီးကို မခေါ်ချင်ပါဘူး '' ဆိုပြီး အထွန့်တက်ပြန်သည်။ ပြောလို့မရတဲ့အဆုံး ငယ်လို့ခေါ်ဟုသာ ခွင့်ပြုပေးလိုက်သည်။

သူကဂျောင်ကုကို မောင် လို့ခေါ်ရင် ဂျောင်ကုက တအားသဘောကျသည်။ အဲ့လိုပဲ အခေါ်အဝေါ်တွေပြောင်းလာပြီး မပြောင်းလဲသေးတာက သူတို့အချစ်တွေနဲ့ နှစ်တွေကြာလာတဲ့အမျှ ပိုတိုးလာသော သူတို့အချစ်တွေ။ နှစ်ဦးစလုံးအတွေးများနေကြကာ ဂျောင်ကုက ဘရိတ်ဓားရှသွား၍၊ ဂျီမင်းလည်း ရေနွေးပူလောင်သွားသည်။

" အ့ ''                          '' အ့ ''
" ငယ့် ဘာဖြစ်တာလဲ! " '' မောင့်! "

နှစ်ဦးစလုံးရဲ့စိုးရိမ်သံတွေက တစ်ထပ်တည်းကျကာ ဧည့်သည်တွေအားမေ့လျော့နေလျက် တစ်ယောက်အနားတစ်ယောက်ပြေးသွားကြသည်။

" ပြကြည့် ဘယ်မှာထိသွားလဲ ''

" ငါဘာမှမဖြစ်ဘူး မောင်ရော ''

𝗕𝗮𝗱 𝗕𝗼𝘆'𝘀 𝗧𝗲𝗮𝗰𝗵𝗲𝗿 (Complete) Όπου ζουν οι ιστορίες. Ανακάλυψε τώρα