"ရှက်နေပြန်တာလား အဲ့တာ"

"အာ့ ငယ်..ငယ်နာတယ် လွှတ်"

Jungkook ပုခုံးကို ကိုက်လာတဲ့ငယ်...

.............

Happy Birthday Our Sunshine Hobi လေးရေ...မွေးနေ့မှအစနောင်နှစ်ပေါင်းများစွာအထိအခုလိုပဲတောက်ပစွာပြုံးနေပေးပါ ချစ်တယ်😘 18.2.2021.

စာအရမ်းရှည်သွားလို့ နောက်တစ်ပိုင်းမှဆက်မှောင်မယ်ကွယ် 🙄

Unicode.....

Jimin တို့ ဘူဆန်ကနေပြန်လာခဲ့သည်...Yoongi နဲ့အတူ မင်္ဂလာပွဲပြီးတာနဲ့ မေမေတို့ကိုပြန်ပို့ကာ ပြန်လာခြင်း...

မေမေကတောင်အံ့သြနေသည်...Taehyung ကိုပဲယူမယ်ထင်နေတာတဲ့လေ..Yoongi အနားမှာမရှိတုန်း Jimin ကိုပြောသွားသေးသည်...

မင်္ဂလာပွဲကို Tae လေးမလာပါ...Jimin လည်း ဖိတ်သာဖိတ်ရတာမလာစေချင်ပါ....Tae လေးရှေ့မှာဘယ်လိုတောင်ဆောင်ရမလဲလေ...

Tae လေးမင်္ဂလာပွဲကို Jungkook မဖိတ်ပေမယ့် Tae လေးကဖိတ်သည်...Jimin မသွားမိ...ဘယ်သူကများ ကိုယ်ချစ်ရတဲ့သူအခြားတစ်ယောက်နဲ့ မင်္ဂလာဆောင်တာကိုကြည့်ရက်မှာတဲ့လဲ...

အခု Tae လေးကမကြည့်ရက်လို့မလာခြင်းမဟုတ်...လာရင်တောင် သူကမဆောင်ပြဝံ့သူသာ...Jungkook မလွှတ်လို့မလာတာပဲဖြစ်မည်...

"Baby ဘာတွေစဉ်းစားနေတာလည်း "

"အော် ဘာမှမဟုတ်ပါဘူး ဝင်ရအောင်လေ..."

Yoongi က မိဘတွေလက်ဖွဲ့ထားတဲ့အိမ်မှာပြောင်းနေဖို့ပြောပေမယ့် Jimin က နေသားကျနေတဲ့တိုက်ခန်းကိုသာနေချင်တာကြောင့် ပြောင်းမနေဖြစ်ကြပေ...Yoongi က Jimin ထက်အငယ်ဆိုပေမယ့်သူ့ကိုဆို အလိုလိုက်ပေးတာတွေ့ရသည်...

"Baby ရေချိုးတော့လေ ကိုယ် Baby စားဖို့တစ်ခုခုလုပ်ထားပေးမယ်"

"အင်း..."

Jimin အခန်းထဲဝင်လာမိသည်.. အနည်းဆုံးတော့သူကကိုယ့်ယောကျာ်းမဟုတ်လား...ကလန်ကဆန်မလုပ်ချင်ပေ..Yoongi ကလည်း သူ့သဘောမပါရင်ဘယ်ဟာမှအတင်းအကျပ်မလုပ်....Yoongi က ဟင်းလည်းချက်တတ်သေးသည်...Yoongi လာနေကတည်းက သူပဲဟင်းချက်ကျွေးတာဖြစ်သည်...

💜 Lovely Tae 💜 (Completed)Where stories live. Discover now