Part-12

10.5K 894 5
                                        

Taehyung  ဒီနေ့နေသိပ်မကောင်းလို့ Ent မသွားပေ... အစ်ကိုလေးကမလာခိုင်းတာဆိုပိုမှန်မည်..အခုအိမ်ကနေထွက်ပြီး ခနဈေးဝယ်ထွက်လာခဲ့သည်...

Mask တပ်ထားပြီး ရုပ်ဖျက်ထားပေမယ့် Mall ထဲရောက်ကတည်းကနောက်ကနေ တောက်လျှောက်လိုက်လာတဲ့ ပါပါရာဇီတွေ.. ၃ ယောက်လောက်ရှိမည်...အိမ်လည်းပြန်လို့မရ CEO နဲ့တစ်အိမ်ထဲနေတာသတင်းပျံ့သွားလို့မဖြစ်ပေ...

ကားမောင်းရင်းရင်တွေတုန်လာသည်..တစ်ခါမှဒီလိုအလိုက်မခံရဖူးပေ..ဟိုတလောက သုံးပွင့်ဆိုင်သတင်းကြောင့် လိုက်ကြတာဖြစ်လိမ့်မည်...

လူကကြံရာမရသည့်အဆုံး Hyg ကိုသာ Ph ခေါ်မိသည်...

"Hello"

"Hyg..."

"Tae လေးဘာဖြစ်တာလည်း...ကားမောင်းရင်းပြောနေတာလား"

".....ကျွီ..."

"Tae လေး"

"Hyg သူတို့ Tae နောက်လိုက်လာတယ် မျက်ခြေဖျက်လို့မရဘူး Ent ကိုသွားလို့မရဘူး အစ်ကိုလေးမသိအောင်ခိုးထွက်လာတာ သူသိရင်ဆူမှာ "

"Tae လေးစိတ်ငြိမ်ငြိမ်ထား ကားကိုဂရုစိုက်မောင်း ဘူဆန်ကိုမောင်းသွား Hyg မေမေ့အိမ် Tae လေးရောက်ဖူးတယ်မလား အဲ့ကိုသွား Hyg ညနေလာခေါ်မယ်"

"Hyg ဘူဆန်ထိ..."

"သွားလိုက်နော် Tae လေး အခုတောက်လျှောက်ပါလာရင် Hyg Ent လည်းလာလို့မရလောက်ဘူး ဘူဆန်ကိုသွားလိုက်နော်"

"ဟုတ် Hyg ရောက်တာနဲ့ Ph ဆက်မယ်နော်"

"ဂရုစိုက် Tae လေး"

Taehyung သက်ပြင်းသဲ့သဲ့ချရင်း ကားကိုအရှိန်မြှင့်လိုက်သည်...အစ်ကိုလေးသိရင် ဆူခံရဦးမှာမလား...

...................

Jungkook ပြန်ရောက်လာတာနဲ့ မျက်လုံးက ကောင်လေးကိုရှာမိသည်...နေသိပ်မကောင်းချင်တာကြောင့် သက်သက်အလုပ်မလုပ်ခိုင်းခြင်းပင်...အခုထိအရိပ်အယောင်တောင်မတွေ့တော့ မသက်သာလို့အခန်းထဲကနေမထွက်တာများလား...

"Kim Taehyung..."

အခန်းဘေးက ကောင်လေးအခန်းနားသွားပြီးတံခါးခေါက်မလို့လုပ်တော့ ပွင့်ဟနေတဲ့တံခါး...အခန်းထဲလည်းမရှိ...

💜 Lovely Tae 💜 (Completed)Onde histórias criam vida. Descubra agora